အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ကြက်ခြေနီ အသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြုခြင်း ဆွေးနွေးပွဲဖွင့်ပွဲသို့တက်ရောက်

  18/ Jan/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြုခြင်း (Organizational Capacity Assessment & Certification) external assessment ဆွေးနွေးပွဲကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ နံနကိပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ပြုလုပ်ခဲ့ရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် online မှတက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်း ဥက္ကဌ၊ ဒေါက်တာ မောင်မောင်မြင့်က အမှာစကားပြောကြားခဲ့ပြီးအပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း IFRC Myanmar Country Office မှ Head of Delegation Ms. Nadia KHOURY ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင် ၊ အချိန်ပြည့်၊ အချိန်ပိုင်းအမှုဆောင်အဖွဲ့ဝင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ နှင့် လူငယ်ကြက်ခြေနီခေါင်းဆောင်များ၊ မိတ်ဖက်ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ဇန်နဝါရီလ(၁၈)ရက်နေ့မှ(၂၁)ရက်နေ့အထိ (၄)ရက်တာပြုလုပ်သွားမည်ဖြစ်ပါသည်။
အသင်း၏ စွမ်းဆောင်ရည်အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသိအမှတ်ပြုခြင်း (OCAC) ၏ အကဲဖြတ် ဆန်းစစ်ခြင်း လုပ်ငန်းစဉ်သည် အသင်းတခုလုံးနှင့် သက်ဆိုင်ပြီးကျယ်ပြန့်သော စွမ်းဆောင်ရည်များနှင့် ဆက်စပ်နေသည့် အမျိုးသား အသင်းတစ်သင်း၏ အားသာချက်၊ အားနည်းချက်များအား အမိအရ ဆုပ်ကိုင်နိုင်ရန် ရည်ရွယ်ကာ ဆွေးနွေးပွဲကိုပြုလုပ်ခြင်းဖြစ်ပါသည်။