အသင်းဥက္ကဌပါမောက္ခဒေါက်တာမျိုးညွန့် ကချင်ပြည်နယ်တွင် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းဆောင်ရွက်နေမှုများဆွေးနွေး

  16/ Feb/ 2024

မြစ်ကြီးနား၊ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌပါမောက္ခဒေါက်တာမျိုးညွန့်သည် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်ပိုင်းကမြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ပြည်နယ်/ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှု ဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား တွေ့ဆုံခဲ့ပြီး ပြည်နယ်အတွင်း လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးက ပြည်နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အသင်းအချိန်ပြည့်အလုပ်အမှု ဆောင်ပါမောက္ခဒေါက်တာတင်မောင်လှိုင်နှင့်ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်၊ ဒုတိယအထွေထွေအတွင်းရေးမှူးတို့တက်ရောက်ခဲ့ပြီး၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ မြစ်ကြီးနား ၊ မိုးညှင်းခရိုင်များမှ ခရိုင်ကြက်ခြေနီကြီး ကြပ်မှုကော်မတီဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့်ကော်မတီဝင်များ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် ၊ ချီဖွေမြို့နယ်များမှ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့်အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်မှ ကြက်​ခြေနီလူငယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်။
ထို့နောက် မြစ်ကြီးနားမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီပိုင် ကြက်ခြေနီလူနာတင်ယာဉ် လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌက မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးထံသို့ ကြက်ခြေနီလူနာတင်ယာဥ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။