အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် Asia Pacific Youth Forum နှင့် 11th Asia Pacific Regional Conferenceများသို့တက်ရောက်

  24/ Nov/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှ နိုဝင်ဘာလ(၂၃)ရက်နေ့အထိ ကျင်းပခဲ့သော Asia Pacific Youth Forum နှင့် 11th Asia Pacific Regional Conference များသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညီလာခံသို့ အသင်းဥက္ကဌနှင့်အတူ စီမံခန်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်နှင့် လူငယ်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် တို့ အဖွဲ့ဝင်အဖြစ် ပါဝင် တက်ရောက်ခဲ့ပြီး Asia Pacific Youth Forum တွင် Asia Pacific Youth Network activitiesများကို လေ့လာခွင့်ရရှိခဲ့ပြီး Youth Engagement Strategy 2.0 တွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားပြုပြီး အကြံပြုချက်များ ပေးခဲ့ပါသည်။

11th Asia Pacific Regional Conference ၏ Becoming Trusted Organization Breakout Session တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး Hanoi Call For Action အတွက် သဘောတူ ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးအတွက် အသင်းအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး  Hanoi Call For Action ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါသည်။

Movement Coordination Breakout Session တွင် လူငယ်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တွဲဘက်သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကြက်ခြေနီလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ICRC ၊ IFRC နှင့် အမျိုးသားကြက်ခြေနီအသင်းများ အကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ဆွေးနွေးခဲ့ပါသည်။

11th Asia Pacific Regional Conference တွင် အာရှပစိဖိတ်ဒေသအတွင်းရှိ ကြက်ခြေနီနှင့် လခြမ်းနီအသင်း ခေါင်းဆောင်များသည် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကတိကဝတ်(၈)ချက်ကိုသဘောတူညီခဲ့ကြပါသည်။