အသွားအလာကန့်သတ်ထားသော အိမ်ထောင်စုများအား ဆန်များ ကြက်ခြေနီက ကူညီထောက်ပံ့

  13/ Aug/ 2021

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော အိမ်များနှင့် စားဝတ်နေရေးအခက်အခဲရှိသောအိမ်များ စုစုပေါင်းအိမ်ခြေ (၄၀) အတွက် ဆန်များကို ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါသည်။
ထိုသို့ထောက်ပံ့ရာတွင် အလှူရှင်အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း+(ဒေါ်တင်လှ) (ကိုလှထွန်းငြုပ်သီးမှုန့်) မိသားစုလှူဒါန်းထားသည့်ဆန်များကို အိမ်ထောင်စု (၁) စုအတွက် ဆန် (၆) ပြည်နှုန်းဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက အိမ်တိုင်ရာရောက်ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။