အကြိမ် ၃၀ မြောက် မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဘားအံခြေတုလက်တု ပြန်လည်သန်စွမ်းရေး ဌာနမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်

  11/ Dec/ 2018

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၈ ရက်နေ့ထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် မသန်စွမ်းအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် ၃၀ မြောက် မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဘားအံခြေတုလက်တုပြန်လည် သန်စွမ်းရေးဌာနမှ အားကစားသမား ၁၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါ အားကစားသမားများသည် ပြေးခုန်ပစ်၊ ဘီးတပ်ကုလားထိုင်စီး ဘက်စကတ်ဘော၊ ရေကူး၊ အပြေးနှင့် စားပွဲတင်တင်းနစ် စသည့်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆပ် ၁၁ ဆု၊ ငွေတံဆိပ် ၄ ဆုနှင့် ကြေးတံဆိပ် ၅ ဆု၊ စုစုပေါင်း ဆုပေါင်း ၂၀ ဆွတ်ခူးရရှိခဲ့ကြခြင်းအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဖော်ပြအပ်ပါသည်။