ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ မုန်တိုင်းအန္တရာယ်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသင့်အနေအထားဖြင့် ကြိုတင်ပြင်ဆင်ထားလျက်ရှိ

  20/ Mar/ 2022

ယခုအခါ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား
မည့် အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားရာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင်အတူ မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်း၊ သတိပြုနေထိုင်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ပူးပေါင်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အသင့်အနေအထားဖြင့် ကြိုတင်ပြင်ဆင်ထားလျက်ရှိကြောင်း သိရှိရပါသည်။