မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်/ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့ နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ကျင်းပ

  13/ Sep/ 2018

= = = လားရှိုး၊ စက်တင်ဘာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လားရှိုးမြို့   နယူးပဲလေ့ဟိုတယ် (New Palace Hotel )၌ စက်တင်ဘာလ ၁၂  နေ့မှ ၁၃ ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်း အလုပ်အမှုဆောင် ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးဂဲနက်စ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်း   မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ လားရှိုးတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေသူလင်းမှ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးပုံစံအား ရှင်းလင်းပြောကြားခြင်း ၊ ပြည်နယ်တပ်ဖွဲအုပ်ချုပ်ရေးအဖွဲ့ တပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးမှ အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားသော တပ်ဖွဲ့ ဖွဲ့စည်းပုံအသစ်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် မြို့နယ် အသင်းခွဲ အမှုဆောင်များမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခြင်း၊ အစည်းအဝေးသို့ (ဝ) နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ် ၂ မြို့နယ်၊ ခရိုင် (၄)ခရိုင်မှ ကြီးကြပ်မှုကော်မတီဝင်များ၊ (၁၃) မြို့နယ်မှ အမှုဆောင်များ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ခံများ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၅၁) ဦးတက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ Credit; OD Dept;