မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ကိုရီးယားနိုင်ငံကြက်ခြေနီလူငယ်များ လာရောက် လေ့လာ

  18/ Jan/ 2019

= = =
ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr.Park Tae Hwanနှင့် Mr.Park Sa Hyunတို့ဦးဆောင်သော ကြက်ခြေနီလူငယ်များသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)သို့ လာရောက်လေ့လာခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူနှင့် တာဝန်ရှိများမှ လက်ခံတွေ့ဆုံခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ Mr.Park Tae Hwanနှင့် Mr.Park Sa Hyunတို့ဦးဆောင်သော ကြက်ခြေနီလူငယ် (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ ကိုရီးယားနိုင်ငံကြက်ခြေနီလူငယ်များကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံမဟုတ်ပေမဲ့ အာရှတိုက်အတွင်းသာရှိကြသော နိုင်ငံများဖြစ်ကြောင်း၊ ကိုးရီးယားကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဆောင်ရွက်ချက်များ တူညီကြပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ခရီးစဉ်တွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီလူငယ်များသည် လူမှုကရုဏာ လုပ်ငန်းများကို မြန်မာနိုင်ငံကြက်ခြနီအသင်းနှင့် အတူ ဟင်္သာတမြို့နယ်အတွင်းရှိ ပေါင်ရိုးအခြေခံပညာ မူလတန်းကျောင်းနှင့် ရွာသစ်တောင် အခြေခံပညာအလယ်တန်းကျောင်းများတွင် ရိုးရာယဉ်ကျေးမှု ဖလှယ်ခြင်း၊ ကျောင်းသား/သူများအား Friendship gift box များ ပေးဝေခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးအကြောင်း ပို့ချခြင်း၊ ကျောင်းအဆောက်အဦးများအား ဆေးသုတ်ခြင်း/ပြုပြင်ပေးခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် လှူဒါန်းခြင်းများကို ဆောင်ရွက်သွားပါမည်။

ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီလူငယ်များသည် မြန်မာနိုင်ငံကြက်ခြနီ အသင်းနှင့်အတူ လူမှုကရုဏာလုပ်ငန်းများလာရောက် ဆောင်ရွက်ခြင်းသည် ယခုအချိန်ထိ စုစုပေါင်း (၆) ကြိမ်တိတိရှိပြီဖြစ်ကြောင်း သိရှိပါသည်။

Credit; ဦးအောင်မြင့်စိုး