၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများ ကျင်းပမည်

  20/ Aug/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နှစ်စဥ် စက်တင်ဘာလ ဒုတိယပတ် စနေနေ့တွင် ကျရောက်သည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ရှေးဦးပြုစုခြင်းဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများကို နှစ်စဥ်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
     သို့ဖြစ်ရာ ယခုနှစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် “ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့” အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အောက်ဖော်ပြပါ ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ရာ ဝင်ရောက်ယှဥ်ပြိုင်လိုသော ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ယခုနှစ် ဆောင်ပုဒ်ဖြစ်သော “ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ”(Lifelong First Aid Learning) အတိုင်း ရေးသား ယှဥ်ပြိုင်နိုင်ပါသည်။
ပြိုင်ပွဲအမျိုးအစားများ-
(က) ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ (မြန်မာ)
(ခ) ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ (အင်္ဂလိပ်)
(ဂ) ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲ
(ဃ) ရှေးဦးပြုစုခြင်းဆိုင်ရာ ပန်းချီပြိုင်ပွဲ
     ရှေးဦးပြုစုခြင်းဆိုင်ရာ ဆောင်းပါးပြိုင်ပွဲအတွက် စာမူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသည် စာမူရွေးချယ်ရေးအဖွဲ့သို့ စာမူ(မူရင်း)များကို (၂.၉.၂၀၂၂) ရက်နေ့ ထက်နောက်မကျဘဲ ပေးပို့ရန်ဖြစ်ပါသည်။
     ရှေးဦးပြုစုခြင်းဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲကို တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများ၌ (၂.၉.၂၀၂၂)နေ့ နံနက်ပိုင်းတွင် Zoom ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။
ရှေးဦးပြုစုခြင်းဆိုင်ရာ ပန်းချီပြိုင်ပွဲအတွက် မိမိတို့ရေးဆွဲထားသည့် ပုံများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့ သတ်မှတ်ရက်များအတိုင်း ပေးပို့ရန်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသည် ဆုရွေးချယ်ရေးအဖွဲ့သို့ ပန်းချီ(မူရင်း)များကို (၂.၉.၂၀၂၂) ရက်နေ့ ထက်နောက်မကျဘဲ ပေးပို့ရန် ဖြစ်ပါသည်။
     ဆုရွေးချယ်ခံရသူများ၏ အမည်စာရင်းကို အသင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြပေးသွားမည် ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့တွင် ဆုများ ချီးမြှင့်သွားမည် ဖြစ်ပါသည်။
     ပြိုင်ပွဲစည်းကမ်းနှင့် အသေးစိတ် အချက်အလက်များကို
ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး   (ဖုန်း-၀၉၅၀၉၃၄၁၂)၊
ဦးထွန်းလွင်ဦး၊ စီမံကိန်းမန်နေဂျာ   (ဖုန်း-၀၉၄၀၀၇၈၈၉၀၂)၊
ဒေါ်ပန်းအိအိမွန်၊ အကြီးတန်း သင်တန်းအရာရှိ   (ဖုန်း-၀၉၄၂၂၅၃၄၅၁၄၇)
ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
#လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန #“ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ”(Lifelong First Aid Learning)