ကြက်ခြေနီမှ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် လျှပ်တပြတ် ရေလွှမ်းမိုးခြင်းခံရသော ကျွန်းတောစုကျေးရွာသို့ ထောက်ပံ့ပစွည်းများ ပေးအပ်

  02/ Sep/ 2018

= = = မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် ဘေးအန္တရာယ်ကျရောက်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ၊ သိုင်းဝကျေးရွာအုပ်စု ၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် လျှပ်တပြတ် ရေလွှမ်းမိုးခြင်းခံရသော ကျေးရွာများအနက်မှ ကနဦးဆန်းစစ်ချက်များအပေါ် မူတည်၍ ကျွန်းတောစု ကျေးရွာသို့ မိသားစုအသုံးအဆောင်ပစ္စည်းများ Family Kit (၁၇၈)ပုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်းများ Hygiene Kit (၂၀၀)ပုံး နှင့် အရေးပေါ်မီးဖွားသန့်စင်သုံးပစ္စည်း (၂)အိတ် တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဌာန၊ စီမံရေးရာဌာနမှ ဝန်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ NDRT/ERT အဖွဲ့ဝင်များအပါအဝင် ကြက်ခြေနီ စေတနာ့လုပ်အားရှင် တပ်ဖွဲ့ဝင်များ၊ ယက်ကန်းစင် ဓ္မပါလကျောင်းတိုက်ဆရာတော် အရှင်တေဇိန္နနှင့် ပရဟိတကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ ကျား (၁၉၅)၊ မ (၂၂) စုစုပေါင်း (၂၁၇)ဦးတို့မှ အမြန်လမ်းဘေး(၁၆၉)မိုင် (၃)ဖာလုံ သရက်ဆိပ်ကျေးရွာမှတဆင့် ကျွန်းတောစုကျေးရွာသို့ အသွားအပြန် (၆)နာရီကျော်သွားရောက်ကာ ပစ္စည်းများအား ကျေးရွာအရောက် ရွာသားများနှင့်အတူ ပို့ဆောင်ပေးခဲ့ပါသည်။ Credit; MRCS EOC