ကြက်ခြေနီမှ မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက် ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေရှာတွင် ပါဝင် ကူညီလျှက်ရှိ 

  03/ Jul/ 2018

= = =
တာချီလိတ်၊ ဇွန်
မြန်မာနိုင်ငံကြက်ခြေနီအသင်း တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ထိုင်းလူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် ထိုင်း – မြန်မာ နယ်စပ်တစ်လျှောက် ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေခြင်းများကို ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်လည်း ပါဝင် ကူညီဆောင်ရွက်လျှက်ရှိပါသည်။

ထိုင်းလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရှာဖွေရေးများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit; Minxtut
#PhotoCredit