ကြက်ခြေနီမှ ရပ်ရွာလူထု မုန်တိုင်းအန္တရာယ်ကင်းရှင်းနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ

  27/ Jun/ 2018

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသအတွင်း နောက်(၉)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အနီရောင်အဆင့် ထုတ်ပြန်ခဲ့ပါသည်။ ဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်းအန္တရာယ်အတွက် မုန်တိုင်းသတိပေး အလံများလွှင့်ထူခြင်း၊ ပြည်သူလူထုများအား မုန်တိုင်းသတင်း လိုက်လံကြေညာခြင်းနှင့် ပိုစတာများကပ်ခြင်းတို့ကို ရခိုင်ပြည်နယ်တွင်းရှိ စစ်တွေ ၊ မာန်အောင် ၊မင်းပြား မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ရွာလူထု အန္တရာယ်ကင်းရှင်းနိုင်ရန်ကြိုတင်ပြင်ဆင်    ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။