ကြက်ခြေနီမှ ရွှေပြည်သာမြို့နယ် လေဘေးသင့် ပြည်သူများအား အကူညီပေးလျက်ရှိ

  30/ May/ 2018

= = =

ရွှေပြည်သာမြို့နယ် လေဘေးသင့် ပြည်သူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား မြန်မာနိုင်ကြက်ခြေနီအသင်း ရွှေပြည်သာမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်းဖွင့်ကာ ရှေးဦးပြုစုခြင်းများ၊ ကျိုးကျနေသော သစ်ပင် သစ်ကိုင်း ရှင်းလင်းခြင်းများ၊ အိမ်အမိုးလန်ပျက်စီးမှုများကို ဝိုင်းဝန်းကူညီပေးခြင်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထောက်ပံ့ပစွည်းများကို ကူညီသယ်ယူ နေရာချပေးခြင်းများနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီလျှက်ရှိပါသည်။

၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇၆) လုံး ပြိုကျပျက်စီးခဲ့ပြီး၊ နေအိမ် (၅၄၂) လုံး အမိုးလန် ပျက်ပြီးမှုများ ဖြစ်ပွားခဲ့ပါသည်။


Credit; Zaw Moe Aung (SO)