ကြက်ခြေနီမှ မြိတ်မြို့တွင် ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်း၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုချီးမြှင့်

  11/ Jul/ 2018

= = =

မြိတ်၊ ဇူလိုင်

မြန်မာနိုင်ငံကြက်ခြေနီအသင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုချီးမြှင့် ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဆရာဦးလှမြှင့်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဆရာဦးလှမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ကြက်ခြေနီမှ အမှတ်တရ ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစွည်းများ၊ ဆုငွေများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Credit;