ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ငါးစမ်းရင်းရေနစ်တဲ့ ကလေးကို ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်

  11/ Feb/ 2019

= = =

ပန်းတနော်၊ ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာတွင် ကလေးကယ်တစ်ဦး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ငါးစမ်းရင်းရေနစ်ခဲ့ရာ ကြက်ခြေနီတပ်ဖွဲဝင်တစ်ဦးက ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်နိုင်ခဲ့ပါသည်။

ရေချိုး၊ ငါးစမ်းနေတဲ့ ကလေးငယ်လေးဦးထဲမှ တစ်ဦးမှာ ရေအောက်ပိုင်းရှိသဲကျင်းထဲပြုတ်ကျကာ ရေနှစ်ခဲ့ရာ ရေနှစ်သူ အဖော်တွေရဲ့ အော်ဟစ်အကူအညီတောင်းခံခြင်းကြောင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက အရေးပေါ် သွားရောက် ကူညီကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ အသက်ရှုအားကူခြင်းနည်းဖြင့် ကူညီခွင့်ရရှိခဲ့တာကြောင့် ရေနှစ်သူ အသက်ရှင်သန်ခွင့်ရရှိခြင်းဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပြခဲ့ပါသည်။

ကိုးနှစ်အရွယ် ရေနှစ်သူ” မောင်ကလယ်ကြောင်” မှာ ကိုယ်ပူ/နေမကောင်းဖြစ်နေသည်မှလွဲပြီး စိုရိမ်ရခြင်းမရှိကြောင်း ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ် အကူအညီပေးခဲ့သူ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီတပ်ခွဲမှူး ဦးမျိုးညွန့်ထံကသတင်းရရှိခဲ့သည်။

Credit-မောင်ချစ်ဦး(ပန်းတနော်)