20/ Dec/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဖွင့်လှစ်သော General Logistics and Supply Chain Management Training နှင့် Road Safety & Fleet Managment Training သင်တန်းများဖွင့်ပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့တွင်ကျင်းပရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်မောင်လှိုင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အချိန်ပြည့်အလုပ်အမှုဆောင်နှင့်အတူ စီမံခန့်ခွဲရေးဌာနညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းများကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ ဒီဇင်ဘာလ(၂၀)ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်လျက်ရှိရာ General Logistics and Supply Chain Management Training သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ (၂၂) ဦး တက်ရောက်လျက်ရှိပြီး Road Safety & Fleet Managment Training သင်တန်းသို့ ကြက်ခြေနီလူနာတင်ယာဉ်ဝန်ဆောင်မှု ဆောင်ရွက်နေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ယာဉ်မောင်းများ စုစုပေါင်း သင်တန်းသား(၂၂) ဦး တက်ရောက်လျက် ရှိပါသည်။