အရေးပေါ်ဆေးကုသမည့်လူနာများအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီ

  05/ Sep/ 2022

ကျိုက္ခမီ၊ စက်တင်ဘာလ (၆) ရက်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တော်ဝင်ဆေးရုံမှ ဆေးရုံဆင်းလူနာအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့က ကျိုက္ခမီမြို့သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ အလားတူ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒါတ်တိုက်နယ်ဆေးရုံမှ လူနာအား လိုအပ်ချက်အရ မော်လမြိုင်မြို့၊ ဇာနည်ဘွားဆေးရုံသို့ ပြောင်းရွှေ့ရာတွင် ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပြောင်းရွှေ့ပေးခဲ့သည်။