COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Woodside Myanmar Pte Ltd မှ အလှူငွေ ပေးအပ်

  21/ May/ 2020

ရန်ကုန်၊ မေ ၂၁
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Woodside Myanmar Pte Ltd မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ်၊ မေလ ၂၁ ရက်နေ့ နေ့လည်နာရီက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင်ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ Woodside Myanmar Pte Ltd (Acting Country Manager )ဦးနေလင်းဦး ကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကိုလှူဒါန်းရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိထိရောက်စွာအသုံးပြု သွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အမှုဆောင်ဒေါ်ကြူကြူဝင်း၊ အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး Woodside Myanmar Pte Ltd မှ Acting Country Manager ဦးနေလင်းဦးနှင့် Acting Finance Manager ဒေါ်စန္ဒာမိုး တို့တက်ရောက်ခဲ့သည်။
လှူဒါန်း‌ငွေများဖြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် PPE ပစ္စည်များနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ယခုကဲ့သို့လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Woodside Myanmarအားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။