16/ Jul/ 2025
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ရေနီမြို့အတွင်းရှိ ရဲကုန်းကျေးရွာ၊ ဇေယျသိမ်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက် တို့မှ ငလျင်ဘေးသင့်အိမ်ထောင်စု (၁၀၀)စု၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အတွင်းမှ ဇီးဖြူသောင်ကျေးရွာ၊ ဆွဲလဲချောင်းကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ တင်းကုပ်တန်းကျေးရွာ၊ ဘန့်ကွေ့ကုန်းကျေးရွာ၊ သရက်တောကျေးရွာ၊ ဂုံမင်းသာကျေးရွာ၊ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက် တို့မှ ငလျင်ဘေးသင့်အိမ်ထောင်စု (၃၀၀)စုနှင့် ဖြူးမြို့နယ်အတွင်းမှ ငလျင်ဘေးသင့်အိမ်ထောင်စု (၁၉)စု၊ စုစုပေါင်းအိမ်ထောင်စု (၄၁၉)စု အတွက် မေလ (၁၈)ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုကရုဏာအကူအညီများ ပေးခဲ့ပါတယ်။
ငလျင်ဘေးသင့် အိမ်ထောင်စု(၁)စုလျှင် ငွေသား ၅၀,၀၀၀ ကျပ်၊ တာပေါ်လင်များ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆန်(၆)ပြည်(၁)အိတ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုး သမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ခြင်ထောင်များ၊ ရေအိတ်(water bag)များ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်ကြွပ်များ၊ ဆီ(၅၀)ကျပ်သားဘူးများ၊ အဝတ်အထည်များ၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်းများ၊ သောက်ရေပုံး (Jerry Can)များကို ထောက်ပံ့ပေးဝေခဲ့ပြီး လုံးဝပြိုကျ ပျက်စီး သွားသော အိမ်ထောင်စုများအတွက် ယာယီတဲများကို ထောက်ပံ့ခဲ့ပါတယ်။
ထိုသို့ထောက်ပံ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်မြသူ နှင့် ဦးကျော်မိုးကြည် ၊ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့်တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များက ငလျင်ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့်ကူညီကယ်ဆယ်ရေးပစ္စည်းများ ကို ငလျင်ဘေးခံစားရသည့် ရပ်ရွာလူထုထံ လက်ရောက် ပေးအပ်နိုင်ရန် အသင်းအနေဖြင့် ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။