17/ Jul/ 2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ (နမ့်ပါ၊ ပင်လောင်းကြီးအရှေ့၊ အနောက်၊ စျေးတန်း၊ ဘန်းဖယ်၊ ရုံးဝင်း၊ ကိုးခေါင်၊ ရင်းမှီးတောင်၊ တင်းထက်၊ ကြာပူ၊ သဲကုန်း)၊ ဘန့်ကာကျေးရွာအုပ်စုရှိ (ပင်ကာလ၊ တောင်လွယ်မောင်း၊ ဘန့်ကာ၊ ဝါးရံ၊ ဝင်တန်၊ ပင်ခွန်၊ ရန်ကင်း၊ ရေအေး၊ ဘူးဝါး)၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ (နန်းပန်းတောင်၊ နန်းပန်းမြောက်၊ နန်းပန်းညောင်ပင်၊ နန့်ပန်လုံးပြင်၊ ဝါးလီး)၊ ထီးပေါင်းကျေးရွာအုပ်စုရှိ (ထီးနားကောင်း၊ ထာငို၊ ထီးပေါင်း)၊ လိန်းညားကျေးရွာအုပ်စုရှိ ( တောင်လေး နှင့် လိန်းညား)၊ နမ့်ပါ၊ ပင်လောင်းကြီးအရှေ့၊ အနောက်၊ စျေးတန်း၊ ဘန်းဖယ်၊ ရုံးဝင်း၊ ကိုးခေါင်၊ ရင်းမှီးတောင်၊ တင်းထက်(မ)၊ ကြာပူ၊ သဲကုန်းနှင့် မင်းဘူးအုပ်စုရှိ မင်းဘူးရွာ တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသော အိမ်ထောင်စု (၄၃၇)စုအတွက်အိမ်ထောင်စု တစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေသား (၂၁,၈၅၀,၀၀၀) ကျပ်ကို ၂၀၂၅ ခုနှစ်၊ မေလ(၁၇)ရက် နှင့် (၁၈)ရက်နေ့တွင်သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။
၎င်းအပြင် ငလျင်ဘေးသင့် အိမ်ထောင်စု (၄၃၇) စုအတွက် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းသုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ တာပေါ်လင်၊ ကျား၊မ ဝတ်တီရှပ်အိင်္ကျီများ နှင့် မီးဖိုချောင်သုံးပစ္စည်း များတို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် အသက်၆၅ နှစ်အထက် သက်ကြီးရွယ်အို အယောက် (၃၀) အတွက် မွေ့ယာများပေးအပ်၍ လုံးဝပြိုလှဲပျက်စီးသွားသော အိမ်(၅၂)အိမ်စာအတွက် အိမ်ဆောက်အထောက်အကူဖြစ်ပစ္စည်းများ တို့ကိုလည်း ပေးဝေခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ငလျင်ဘေးဒဏ်ခံစားရသည့် ရပ်ရွာလူထုထံ လက်ရောက် ပေးအပ်နိုင်ရန် အသင်းအနေဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။