16/ Jul/ 2025
တပ်ကုန်းတွင် ငလျင်ဘေးသင့် ရပ်ရွာလူထုများအတွင်း ဆန်းစစ်လေ့လာ နေပြည်တော်၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၅)ရက်။ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုအတွက် လိုအပ်သော အကူအညီများ ဆက်လက်ကူညီနိုင်ရန်ငလျင်ဘေးသင့် ရပ်ရွာလူထုများအတွင်း ဆန်းစစ်လေ့လာခြင်းကို ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ဆန်းစစ်လေ့လာရာတွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦအောင်ချို၊ အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Emergency Operations, Mr.Necephor Righa Mghendi Ken ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးအတွက် အားဖြည့်ကူညီရန် နေပြည်တော်သို့ ရောက်ရှိနေသည့် မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာပေါင်း (၁၀)ရွာ၊ ရပ်ကွက်(၃) ရပ်ကွက်ရှိအိမ်ထောင်စုပေါင်း(၁၃၀၄)စုတို့အား ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။