| RMS

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု

အစိုးရ၏ လူမှုကရုဏာလုပ်ငန်းများတွင် အရန်အင်အားဖြစ်သည့် ကြက်ခြေနီသည် နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ မူဝါဒများနှင့် မဟာဗျူဟာများရေးဆွဲရာတွင် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများ ပေးခဲ့သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မည်သည့်အချိန်အခါတွင်မဆို အစိုးရ၏ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အမျိုးသားအဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ၏ ဆပ်ကော်မတီ သုံးခုတွင် အဖွဲ့ဝင်ဖြစ်သည်။

ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ဘေးအန္တရာယ်လျော့ချရေးနှင့် ပြန်လည်ထူထောင်ရေး

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းတွင် သိုလှောင်ရုံပေါင်း ၂၈ ခု တည်ဆောက်ထားပြီး ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်း ၂၁၅၀၀ ကိုအဆင်သင့်ထားရှိပြီး ဖြစ်သည်။ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစွမ်းဆောင်ရည်အနေဖြင့် ၂၀၁၆ ခုနှစ် ဇွန်လအထိ ဒေသဆိုင်ရာ ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဝင် ၁၀ ဦး၊ အမျိုးသားအဆင့် ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ဝင် ၁၃၀ ဦးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင် ၁၀၈၂ ဦးတို့အား စနစ်တကျ လေ့ကျင့် သင်ကြားပေးထားသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် အရေးပေါ်စီမံခန့်ခွဲမှုရန်ပုံငွေ ထားရှိထား ပြီးဖြစ်ကာ ရရှိလာသောအတိုးကို အသေးစားကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု လျက်ရှိသည်။ ဘေးအန္တရာယ် လျော့ချရေးစီမံကိန်းများကို မြို့ပြ၊ ကျေးလက်နှင့် ကမ်းရိုးတန်းဒေသရှိ ဘေးအန္တရာယ်ကျရောက်လွယ်သူများအတွက် ဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် မြန်မာ နိုင်ငံကြက်ခြေနီအသင်းသည် ပြန်လည်ထူထောင်ရေးလုပ်ငန်း နှစ်ခုကို ရခိုင်ပြည်နယ်နှင့် ကချင် ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည်။ အသင်းသည် နှစ်စဉ် လူပေါင်းငါးသိန်းခန့်ကို အထောက် အပံ့ ပေးလျက်ရှိသည်။

အသင်းသည် အစိုးရ၏ ဘေးအန္တရာယ်စီမံခန့်ခွဲရေးသင်တန်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွင့်လှစ်သည့် သင်တန်းများတွင် နည်းပညာပိုင်းအထောက်အကူ (ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရှေးဦးပြုစု ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း စသည်) တို့ ပံ့ပိုးပေးလျက်ရှိသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် နေပြည်တော်တွင် အရေးပေါ်ကွပ်ကဲရေး စင်တာကို နေပြည်တော်တွင် ဖွင့်လှစ်ထားပြီး နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီ အသင်း အရေးပေါ်ကွပ်ကဲရေးစင်တာတို့နှင့်ချိတ်ဆက်ကာ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ပြဌာန်းခဲ့ သည်။ အဆိုပါဥပဒေရေးဆွဲရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းအပါအဝင် ဘေးအန္တရာယ်လျော့ချရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးစည်းမျဉ်းများကို မူကြမ်းရေးဆွဲခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ဥပဒေအလုပ်ရုံဆွေးနွေးပွဲကို အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ နည်းပညာပံ့ပိုးမှုဖြင့် ကျင်းပခဲ့သည်။