|
RMS

  28/ Dec/ 2020

နေပြည်တော်တွင် အသင်းခွဲခေါင်းဆောင်များအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အသင်းခွဲခေါင်းဆောင်များအတွက်စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က onlineဖြင့် ပြုလုပ်ခဲ့ရာ အသင်းဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး‌ေဒါက်တာလင်းလင်းသက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲသို့ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊အတွင်းရေးမှူး ဦးမိုးကျော်နှင့် သင်တန်းနည်းပြများ၊ ခရိုင်/မြို့နယ်များမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ(၃) ရက်တာ ကြာမြင့်မည့် အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်မည်ဖြစ်ပြီး အသင်းခွဲခေါင်းဆောင်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးပို့ချ သွားမည်ဖြစ်ပါသည်။

Read More

  28/ Dec/ 2020

ရှေးဦးပြုစုခြင်းဥာဏ်စမ်းပြိုင်ပွဲနှင့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အွန်လိုင်း အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ခဲ့သည့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာစာစီစာကုံးပြိုင်ပွဲနှင့် ရှေးဦးပြုစုခြင်းဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်လာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အွန်လိုင်းမှ တစ်ဆင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ အသင်း ဥက္ကဌမှ အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းဥာဏ်စမ်းပြိုင်ပွဲများနှင့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာစာစီစာကုံးများပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရှေးဦးပြုစုခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်ဖြစ်သည့် "ရှေးဦးပြုစုခြင်း အလေ့အကျင့်များကပ်ရောဂါအလိုက်ပြင်ဆင်သွား" ဆိုသည့်အတိုင်း ရှေးဦးပြုစုခြင်းနည်းစနစ်များအား ဂရုတစိုက်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်စာစီစာကုံးများကို ဖတ်ရှုမည်ဆိုလျင် ကြက်ခြေနီစေတနာလုပ်အားရှင်များရဲ့ ကိုယ်ကျိုးမဖက်ဘဲ စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီး ဆောင်ရွက်ခဲ့မှုများ၊ ရပ်ရွာလူထုကို ရှေးဦးပြုစုခြင်းနည်းစနစ်တွေနဲ့အကျိုးပြုခဲ့မှုများ၊ ကြက်ခြေနီအခန်းကဏ္ဏကို တိုးတက်အောင်ဆောင်ရွက်ခဲ့မှုများကို ရေးသားထားသည်ကို တွေ့ရပါကြောင်း၊ သို့အတွက် ပြိုင်ပွဲဝင်များရဲ့ စာမူများကို အသင်းရဲ့လူမှုကွန်ယက်မီဒီယာများမှတစ်ဆင့် ပြန်လည်ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများအား လာမည့်နှစ်များအတွင်း တာဝန်ရှိသူများမှ ဆက်လက် ဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများကလည်း ဇွဲမလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင် သွားရန်လို့ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ကြက်ခြေနီ အခြေခံမူတစ်ခုဖြစ်သည့် ခွဲခြားမှုမရှိခြင်းမူကို အစဉ်ထိန်းသိမ်းပြီး ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများမှာ ပြည်သူတို့နှင့်အတူ ရှေးဦးပြုစုခြင်းအလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုပြီးစွမ်းစွမ်းတမံအကောင်အထည်ဖော်သွားကြရန်လိုပါကြောင်း၊ ရရှိထားသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန်၊ ရှေးဦးပြုစုခြင်းကိုအခြေပြုပြီး အခြားသောကြက်ခြေနီဘာသာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ဖို့အတွက် အင်္ဂလိပ်စာကိုလည်း ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းမှာ ကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနား အစီအစဉ်အရ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ကြက်ခြေနီစာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ဒေါ်အေးမြမူ (တနင်္သာရီတိုင်းဒေသကြီး) ၊ ဒုတိယဆု ဦးနိုင်ဦး (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆု ဦးသိန်းအောင် (ပဲခူးတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရှေးဦးပြုစုခြင်းစာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ဦးသိန်းအောင်(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆု ဒေါ်မေဖြိုးသီရိစံ(ကရင်ပြည်နယ်)၊ တတိယဆု ဒေါ်အေးချမ်းမေ(နေပြည်တော်) တို့အားလည်းကောင်း၊ လူငယ်ကြက်ခြေနီ စာစီစာကုံး (မြန်မာ) ပြိုင်ပွဲတွင် ပထမဆု ဒေါ်ဝင့်မာအောင်(မကွေးတိုင်းဒေသကြီး) ၊ ဒုတိယဆု ဒေါ်ရွှေရည်ထွန်းလတ်(ကယားပြည်နယ်)၊ တတိယဆု ဦးစောဝေယံလင်းထက် (ကရင်ပြည်နယ်) တို့အားလည်းကောင်း၊ လူငယ်ကြက်ခြေနီ စာစီစာကုံး (အင်္ဂလိပ်) ပြိုင်ပွဲတွင် ပထမဆု ဦးဇင်ကိုကိုထွန်း (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆု ဒေါ် Chris Nun Cowi (ရန်ကုန်တိုင်းဒေသကြီး) ၊ တတိယဆု ဒေါ်မေမြင့်မြတ်အောင်(မန္တလေးတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရှေးဦးပြုစုခြင်း ဉာဏ်စမ်းပြိုင်ပွဲတွင် ပထမဆု ဦးဇာနည်ထက်(တနင်္သာရီတိုင်းဒေသကြီး) ၊ ဒုတိယဆု ဒေါ်နန်းလှလှသန်း (ကရင်ပြည်နယ်) ၊ တတိယဆု ဒေါ်အိသန္တာစိုးညွန့် (ပဲခူးတိုင်းဒေသကြီး)၊ စတုတ္ထဆု ဒေါ်နေခြည်သက်လွင် (မွန်ပြည်နယ်) နှင့် ပဉ္ဇမဆု ဒေါ်ဇွန်ပွင့်ဖြူ (မွန်ပြည်နယ်)တို့အားလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် ဆုရသူများကိုယ်စား ပဲခူးတိုင်းဒေသကြီးမှ ဆုရရှိသူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယ ဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ပြည်နယ်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် ကော်မတီဝင်များ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဆုရသူများ စုံညီစွာတက်ရောက်ခဲ့ပါသည်။

Read More

  27/ Dec/ 2020

ဖားကန့်တွင် ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီက ကူညီဆောင်ရွက်လျက်ရှိ

ဖားကန့်၊ ဒီဇင်ဘာ ၂၇ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မော်ဝမ်းလေး/မော်ဝမ်းကြီးမှော် ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေပြိုကျမှုကြောင့် ကျောက်တူးနေသူ (၅) ဦး ရေကန်ထဲပြုတ်ကျသွားခဲ့ရာ (၁)ဦးဒဏ်ရာရရှိခဲ့ပြီး (၄) ဦး ပျောက်ဆုံးခဲ့မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ပျောက်ဆုံးသူများကို ရှာဖွေကူညီကယ်ဆယ်ရန်အတွက် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဖားကန့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အချိန်နှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးနေသူ(၃)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပါသည်။ ကျန်ရှိသူ (၁) ဦးကို ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ပါသည်။

Read More

  17/ Dec/ 2020

ရန်ကုန်ဆေးရုံကြီးကိုဗစ်ကုသရေးစင်တာတွင် ပဲခူးတိုင်းဒေသကြီးကကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ဒီဇင်ဘာလ ၁၆ရက်နေ့က စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာမှာ တစ်လတိတိ လုပ်အားပေးတာဝန်ထမ်းဆောင်ဖို့အတွက် ပဲခူးတိုင်းဒေသကြီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ရောက်ရှိခဲ့ကြပါတယ်။ အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ‌ငွေကျပ်(၁၀၈၀၀၀ဝ)တို့ကိုလည်းကောင်း၊  တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ်(၃၆၀၀၀ဝ)တို့ကိုလည်းကောင်း၊ သာယာဝတီခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၃၀၀၀၀၀) နှင့်Sport Shirtတို့ကိုလည်းကောင်း၊ ပဲခူးခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၂၀၀၀၀၀)တို့ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒု-မြို့နယ်တပ်ဖွဲ့မှူးဦးအေးချိုမိသားစုမှ ငွေကျပ်(၂၀၀၀၀၀)သိန်းတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းတပ်ဖွဲ့မှူး ဒေါက်တာနေမျိုးနှင့် တွဲဘက်အတွင်းရေးမှူးဦးသိန်းအောင်တို့က track suit၊ Scrub Suitနှင့်waist coatတို့ကိုလည်းကောင်း အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ကိုဗစ်ကုသရေးစင်တာမှာ ကိုဗစ်ရောဂါခံစားနေရတဲ့လူနာတွေကို ကူညီစောင့်ရှောက်ဖို့၊ အစားအသောက်နဲ့နေရာထိုင်ခင်းကူညီစီစဉ်ပေးဖို့နဲ့ ကျရာတာဝန်ကို လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ထမ်းဆောင်ဖို့ ပဲခူးတိုင်းဒေသကြီး မြို့နယ်အသီးသီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီးသို့ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။

Read More

  25/ Nov/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး/ခရိုင် နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများရှိ ဦးဆောင်အုပ်ချုပ်သူများအတွက် ကြက်ခြေနီလုပ်ငန်းများမိတ်ဆက်ခြင်းအစီအစဉ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာလ ၂၄ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း ဖွင့်လှစ်သော တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး/ခရိုင် နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများရှိ ဦးဆောင် အုပ်ချုပ်သူများအတွက် ကြက်ခြေနီလုပ်ငန်းများ မိတ်ဆက်ခြင်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှ ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ရာ အသင်း ဥက္ကဌ ဒေါက်တောမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ အသင်းဥက္ကဌမှ အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့ အစီအစဉ်ကတော့ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အဆင့်ဆင့်တို့က ကြက်ခြေနီ လုပ်ငန်းတွေကို ဦးဆောင် အုပ်ချုပ်နေသူများအတွက် ကြက်ခြေနီလုပ်ငန်းများ မိတ်ဆက်ခြင်း အစီအစဉ်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့လည်း ယခုကာလတွေမှာ ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ပေးနေကြတာကို တွေ့မြင်နေ ရတဲ့အတွက် ဝမ်းသာအားရ မိပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့လည်း ဌာနချုပ်ရဲ့ အကူအညီ လိုအပ်ချက်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း၊ ဌာနချုပ်ဘက်မှလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေသလို တိုင်းဒေသကြီးဘက်ကလည်း အသင်း ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းပေးကြဖို့ ဒီနေရာက တိုက်တွန်းချင်ပါကြောင်း၊ အထူးသဖြင့် အုပ်ချုပ်မှုအပိုင်းကို တာဝန်ယူဆောင်ရွက်နေကြတဲ့ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် အဖွဲ့ဝင်များ အနေနဲ့ မိမိတို့ဒေသမှာ ကြက်ခြေနီနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိရှိပြီး လုပ်ငန်းအဆင်ပြေ ချောမွေ့စေဖို့အတွက် ကြက်ခြေနီ ဗဟုသုတနဲ့ အခြေခံ သတင်းအချက်အလက်တွေကို သိရှိထားဖို့အတွက် ယခုလို ပြုလုပ် ရခြင်း ဖြစ်ပါကြောင်း၊ အဓိက ကတော့ ဦးဆောင် အုပ်ချုပ်သူများအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှု၏ အခန်း ကဏ္ဍ၊ အခြေခံမူများနှင့် လုပ်ငန်းတာဝန်များကို သိရှိ နားလည် လိုက် နာဆောင်ရွက်နိုင်ရန်၊ ဦးဆောင်အုပ်ချုပ်သူများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို သိရှိ ဆောင်ရွက်နိုင်ရန်၊ အသင်းက ရေးဆွဲချမှတ်ထားသည့် မဟာဗျူဟာစီမံကိန်းများ၊ အမျိုး သားအသင်း၏ အရန်အင်အား အခန်းကဏ္ဍကို သိရှိပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်ပဲ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် အသင်းရဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ ဦးဆောင်သူများ အနေနဲ့ မိမိတို့ အရပ်ဒေသအလိုက် ကြက်ခြေနီလုပ်ငန်းတွေကို ယခုထက် တိုးတက်ဖွံ့ဖြိုးလာအောင် လမ်းညွှန် ထိန်းကြောင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး လုပ်ငန်းများမိတ်ဆက်ခြင်း ပထမနေ့ အစီအစဉ်အဖြစ် အမျိုးသားအသင်း၏ အရန်အင်အားအခန်းကဏ္ဌ (NS Auxiliary Role) နှင့် ဒေသအာဏာရှိသူများနှင့် ပူးပေါင်းဆက်သွယ်မှု (Relationship with Authority) ကို အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုးမှ လည်းကောင်း၊ ကြက်ခြေနီသမိုင်းကြောင်း၊ အခန်းကဏ္ဌနှင့် လှုပ်ရှားမှုအဖွဲ့ဝင်များ အကြောင်း မိတ်ဆက်ခြင်း (RC History & Movement) နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအကြောင်း (MRCS)နှင့် ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့် ကြက်ခြေနီအမှတ်အသား အကြောင်း (7 Fundamental Principle & Emblem) ကို လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ကျော်စိုးမှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အကြောင်းကို ICRC မှ ဦးအောင်မိုးကျော်မှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) အကြောင်းကို IFRC မှ ဦးကျော်ဦးခိုင်မှ လည်းကောင်း၊ အသင်း၏ မဟာဗျူဟာ ၂၀၂၁ - ၂၀၂၅ (Strategic Plan 2021 – 2025) အကြောင်းကို အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လင်းလင်းသက်မှ လည်းကောင်း၊ အသင်းခွဲခေါင်းဆောင်များ၏ လုပ်ငန်းတာဝန်များ (Roles and Responsibility of RC leaders) တိုင်း/ ပြည်နယ်/ ခရိုင်ကြီးကြပ် ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် မြို့နယ်အသင်းခွဲ အမှုဆောင်များ၏ လုပ်ငန်း တာဝန်မျာအကြောင်းကို အကြောင်းကို အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နှင်းဖြူဖြူမြင့်မှလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပါသည်။ နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်အထိ နှစ်ရက်တာပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေ အတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာ ဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် တနင်္သာရီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်ကြက်ခြေနီကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ တနင်္သာရီ၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ ဘုတ်ပြင်း၊ ကျွန်းစု၊ လောင်းလုံမြို့နယ်များမှ မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ဝင် ၄၂ ဦး စုစုပေါင်း ၅၉ ဦး တက်ရောက်ခဲ့ပါသည်။

Read More

  22/ Nov/ 2020

ဘားအံနှင့်လှိုင်းဘွဲ့မြို့များတွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ

နိုဝင်ဘာလ ၁၉ ရက်နေ့က ကရင်ပြည်နယ်ရှိ၊ ဘားအံမြို့နှင့် လှိုင်းဘွဲ့မြို့တို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းမျာကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြရာ ♦️ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ♦️ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း ♦️ အမည်စာရင်းသွင်းပေးခြင်း ♦️ ရေမလိုလက်သန့်ဆေးရည်နှင့် လက်ဆေးဆပ်ပြာတုံးများ အခမဲ့ဖြန့်ဝေပေးခြင်း ♦️ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးဆော်ဪခြင်းနှင့် ♦️ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။   [gallery display="grid" link="file" ids="9378,9379"]

Read More

  11/ Nov/ 2020

COVID-19 Monthly Update No (3)

Read More

  13/ Oct/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် နော်ဝေသံအမတ်ကြီးနှင့် တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၁၃ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် နော်ဝေသံအမတ်ကြီး H.E Ms. Hilde Solbakken ဦးဆောင်သောအဖွဲ့ကို ယနေ့ နေ့လည် ၂း၃၀ အချိန်က အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉နှင့် ပတ်သက်၍ အသင်း၏ဆောင်ရွက်နေမှုများအပေါ်တွင် ပံ့ပိုးနိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး နော်ဝေသံအမတ်ကြီးနှင့်အတူ အတွင်းရေးမှူး Ms. Frida Fostvedt တို့တက်ရောက်ခဲ့ပါသည်။

Read More

  13/ Oct/ 2020

Guideline for COVID-19 Volunteer

Read More