|
RMS

  27/ Jun/ 2018

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိ

= = = ရခိုင်၊ ဇွန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maurer သည် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်လုပ်ဆောင်ရန် အကူအညီများလိုအပ်နေသည့် ရပ်ရွာလူထု အသိုင်းအဝိုင်းအားလုံးနှင့်အတူ ထိတွေ့ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ICRC ဥက္ကဌ Peter Maurer သည် ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်စုရှိ ကြက်ခြေနီလှုပ်ရှားမှု ရွေ့လျားဆေးပေးခန်းတွင် လာရောက်ဆေးကုသမှုခံယူနေသော လူနာ (၇၀) ဦးထဲမှ လူနာအချို့နှင့်အတူ တွေ့ဆုံစကားပြောခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစကားပြောစဉ် မိခင်တယောက်မှ Mr Maurer အား"ကျွန်မသမီးက ချောင်းတအားဆိုးနေလို့ လာပြတာပါ . . . ဒီရွေ့လျားဆေးပေးခန်းက ရွာကိုရောက်လာလို့ ဝမ်းသာတယ်" လို့ ပြောကြားခဲ့ပါသည်။

ကြက်ခြေနီလှုပ်ရှားမှု (MRCS, ICRC, IFRC) အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မှီထိရောက်စွာ ပေးနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျေးရွာများအရောက် သွားရောက်ပြီး စမ်းသပ်စစ်ဆေး ဆေးကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်။ ရွေ့လျားဆေးပေး ခန်းများသည် ကျန်းမာရေးစောင့်ရှောက်မှုရဖို့ မလွယ်ကူသည့် ဝေးလံခေါင်းပါးဒေသများတွင် မရှိမဖြစ်လိုအပ်လျှက်ရှိပါသည်။ Mr Maurer သည် ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ကြက်ခြေနီဝန်ထမ်းတွေနှင့် တွေ့ဆုံမှာဖြစ်သလို၊ အစားအစာပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများတွင်လည်း သွားရောက်ကြည့်ရှုလေ့လာမှာ ဖြစ်တယ်လို့ သတင်းရရှိပါသည်။ Credit; ICRC

Read More

  27/ Jun/ 2018

သဘာဝဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအား ကြက်ခြေနီက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်

=== ဇွန်လ၊ အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းမှုကြောင့် မြန်မာနိုင်ငံတဝှမ်းနှင့် အထူးသဖြင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး လေပြင်းတိုက်ခြင်းများ၊ ရုတ်တရက် မြစ်ရေကြီးခြင်းများဖြစ်ပေါ်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ ဘေးအန္တရာယ် ထိခိုက် ခံစားရသော ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ - ရခိုင်ပြည်နယ် မင်းပြားမြို့ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ရန် တာပေါ်လင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel) တို့ကို မင်းပြားမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့်အတူ ဆောင်ရွက်လျှက်ရှိခြင်း ရခိုင်ပြည်နယ် အမ်းမြို့နယ် ရေလွှမ်းမိုးမှုကြောင့် အိမ်များမျောပါပျက်စီးသွားသော အိမ်ထောင်စုများအတွက် တာပေါ်လင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)တို့ကို အမ်းမြို့ကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် အတူ ဆောင်ရွက်လျှက်ရှိခြင်း မွန်ပြည်နယ် မော်လမြိုင်မြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လုံခြုံသောရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ခြင်း မွန်ပြည်နယ် သံဖြူဇရပ်တွင် ပင - သံဖြူဇရပ် ရထားလမ်းရေကျော်ပြီး ဆက်လက်ခုတ်မောင်းလို့ မရသောကြောင့် ရထားစီးခရီးသည်များအား သံဖြူဇရပ်ကြက်ခြေနီစေတနာလုပ်အားရှင်များက သံဖြူဇရပ်သို့ ပို့ဆောင်ပေးခြင်း၊ ရှေးဦးပြုစုခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ခြင်း မွန်ပြည်နယ် မုဒုံမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်းများက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်းနှင့် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့ခြင်း မွန်ပြည်နယ် မုတ္တမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီစေတနာလုပ်အားရှင်းများက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်းနှင့် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ခြင်း၊ ထမင်းထုတ်များ ပေးဝေခြင်းနှင့် မုတ္တမတိုက်နယ် ဆေးရုံအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်း မွန်ပြည်နယ် ရေးမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်ခြင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ခြင်း ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့တွင် မြစ်ကမ်းပါးပြိုကျသောကြောင့် ရေဘေးသင့်ပြည်သူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)များ ထောက်ပံ့ပေးခဲ့ခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်ရေး လုပ်ငန်းများကို ရပ်ရွာလူုထုနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Credit:>>> MRCS EOC

Read More

  27/ Jun/ 2018

သဘာဝဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအား ကြက်ခြေနီက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်

=== ဇွန်လ ၂၀၁၈ ခုနှစ်၊ ဇွန်လမှ စတင်ပြီး ဘင်္ဂလားပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ရာသီဥတုအခြေအနေများကြောင့် အနောက်တောင်မုတ်သုံလေအလွန်အားကောင်း၍ နိုင်ငံအနှံ့ မိုးများရွာသွန်းပြီး တိုင်းဒေကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ ဘေးအန္တရာယ် ထိခိုက် ခံစားရသော ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့က မြစ်ရေကြီးခြင်း သတိပေးချက် များ ဖြန့်ဝေပေးခြင်းနှင့် ရေဝင်သည့် နေအိမ်များမှ မိသားစုများကို နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် တောင်ကုန်းများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ခြင်း ရခိုင်ပြည်နယ် သံတွဲမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူများအား မိသားစုသုံးပစ္စည်းများ (Household Kit) ၂၈ စုံ ထောက်ပံ့ံပေးခဲ့ခြင်း ရခိုင်ပြည်နယ် အမ်းမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက အမ်း- မအီကားလမ်း၍ အခက် အခဲတွေ့နေသည့် ခရီးသည်များကို လှေဖြင့် ကမ်းကူး ပေးခဲ့ခြင်း ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူ များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့တွင် ထူးကြီး-မဲဇလီကုန်း ကားလမ်းရေကျော်ခြင်းကြောင့် သွားလာရ ခက်ခဲနေသည့် ပြည်သူများအား ကူညီပေးခဲ့ခြင်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ရေဘေးသင့်ပြည်သူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (Hygiene Kit)၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)၊ တာပေါ်လင်၊ အဆောက်အဦသုံးပစ္စည်း (Shelter Tools Kit)၊ ကြိုးနှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ ပေးခဲ့ခြင်း မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် ကမ်းပြိုသွားသော အိမ်ထောင်စုများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် မင်းဘူး-စကုလမ်း ကံမလမ်းပိုင်း ကားလမ်းရေကျော်၍ အချိန် ကြာမြင့်စွာ ပိတ်မိနေသော ခရီးသည်များအား အစားအစာများ ဖြန့်ဝေခြင်းနှင့် ရေကျော်လမ်းများ ဖြတ်ကျော်ရာတွင် ကူညီပေးခဲ့ခြင်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦးတို့သည် မြေပြို၍ အိမ်များကို ကူညီရွှေ့ပြောင်းပေးခဲ့ဲခြင်း ရှမ်းပြည်နယ် သီပေါမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရှေးဦးပြုစုခြင်း သေတ္တာ (First Aid Kit)၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)၊ အဆောက်အဦသုံးပစ္စည်း (Shelter Tools Kit)များ ထောက်ပံ့ပေးခဲ့ခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်ရေး လုပ်ငန်းများကို ရပ်ရွာလူုထုနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Credit:>>> MRCS EOC

Read More

  27/ Jun/ 2018


ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသအတွင်း နောက်(၉)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အနီရောင်အဆင့် ထုတ်ပြန်ခဲ့ပါသည်။ ဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်းအန္တရာယ်အတွက် မုန်တိုင်းသတိပေး အလံများလွှင့်ထူခြင်း၊ ပြည်သူလူထုများအား မုန်တိုင်းသတင်း လိုက်လံကြေညာခြင်းနှင့် ပိုစတာများကပ်ခြင်းတို့ကို ရခိုင်ပြည်နယ်တွင်းရှိ စစ်တွေ ၊ မာန်အောင် ၊မင်းပြား မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ရွာလူထု အန္တရာယ်ကင်းရှင်းနိုင်ရန်ကြိုတင်ပြင်ဆင်    ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Read More

  30/ May/ 2018

ကြက်ခြေနီမှ ရွှေပြည်သာမြို့နယ် လေဘေးသင့် ပြည်သူများအား အကူညီပေးလျက်ရှိ

= = = ရွှေပြည်သာမြို့နယ် လေဘေးသင့် ပြည်သူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား မြန်မာနိုင်ကြက်ခြေနီအသင်း ရွှေပြည်သာမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်းဖွင့်ကာ ရှေးဦးပြုစုခြင်းများ၊ ကျိုးကျနေသော သစ်ပင် သစ်ကိုင်း ရှင်းလင်းခြင်းများ၊ အိမ်အမိုးလန်ပျက်စီးမှုများကို ဝိုင်းဝန်းကူညီပေးခြင်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထောက်ပံ့ပစွည်းများကို ကူညီသယ်ယူ နေရာချပေးခြင်းများနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီလျှက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇၆) လုံး ပြိုကျပျက်စီးခဲ့ပြီး၊ နေအိမ် (၅၄၂) လုံး အမိုးလန် ပျက်ပြီးမှုများ ဖြစ်ပွားခဲ့ပါသည်။

Credit; Zaw Moe Aung (SO)

Read More

  30/ May/ 2018

ကြက်ခြေနီမှ ရပ်ရွာလူထု မုန်တိုင်းအန္တရာယ်ကင်းရှင်းနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ

= = = ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသအတွင်း နောက်(၉)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အနီရောင်အဆင့် ထုတ်ပြန်ခဲ့ပါသည်။ ဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်းအန္တရာယ်အတွက် မုန်တိုင်းသတိပေး အလံများလွှင့်ထူခြင်း၊ ပြည်သူလူထုများအား မုန်တိုင်းသတင်း လိုက်လံကြေညာခြင်းနှင့် ပိုစတာများကပ်ခြင်းတို့ကို ရခိုင်ပြည်နယ်တွင်းရှိ စစ်တွေ ၊ မာန်အောင် ၊မင်းပြား မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ရွာလူထု အန္တရာယ်ကင်းရှင်းနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

Read More

  29/ May/ 2018

မသန်စွမ်းသူများ ပူးပေါင်းပါဝင်မှု လုပ်ငန်းအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

= = = ရန်ကုန်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သြစတြေးလျကြက်ခြေနီအသင်းတို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သည့် မသန်စွမ်းသူများ ပူးပေါင်းပါဝင်မှု လုပ်ငန်း အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် Central Hotel ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ် အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ သြစတြေးလျကြက်ခြေနီအသင်းမှ Program Lead ဖြစ်သူ Mr. Htoo Lerနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက အဖွင့် အမှာစကားပြောကြားခဲ့ရာ - ယခု အတွေ့အကြုံရှင်းလင်းပွဲသည် မသန်စွမ်းသူများ လူမှုအသိုင်းဝိုင်းတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ လူမှုကရုဏာလုပ်ငန်းများတွင် မသန်စွမ်းသူများ ပိုမို ပါဝင်လာဖို့ လိုအပ်နေသေးပါကြောင်း၊ မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်နှင့် လူမှုကရုဏာလုပ်ငန်းများတွင် ပိုမိုပါဝင်လာစေရန် စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သြစတြေးလျကြက်ခြေနီအသင်းမှ Country Manager ဖြစ်သူ Mr. David Stephens မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲတွင် မသန်စွမ်းသူများ ပူးပေါင်းပါဝင်မှု ဖွံ့ဖြိုးမှုကို ရှုထောင့် (၄) ခုဖြစ်သော မတူကွဲပြားခြားနားမှုကို အသိအမှတ်ပြုခြင်း၊ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ခြင်း၊ အတားအဆီးများ ဖယ်ရှားခြင်း၊ ပုံစံတကျချဉ်းကပ်ခြင်းများကို အခြေခံပြီး ဆန်းစစ်ခြင်းများကို ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များ၊ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်များနှင့် လူမှုအသိုင်းဝိုင်းတွင် မသန်စွမ်းသူများ ပိုမို ပူးပေါင်း ပါဝင်နိုင် စေရန်အတွက် အကြုံပြုချက်များကို ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Read More

  28/ May/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ Epidemic Control for Volunteer Training (TOT) ဖွင့်လှစ်

ရန်ကုန်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် Epidemic Control for Volunteer Training (TOT) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှက အဖွင့် အမှာစကားပြောကြားခဲ့ရာ - ယခု ဖွင့်လှစ်တဲ့သင်တန်းသည် အလွန်အကျိုးရှိပြီး စိတ်ဝင်စားစရာကောင်းသည့် သင်တန်းဖြစ်ကြောင်း၊ ကပ်ရောဂါအသွင်ဖြင့် ကျရောက်တတ်သော ရောဂါများကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များ၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရွက်ရမည့် အစီအစဉ်တို့အား အသေးစိတ် သင်ကြားပေးသွားမည်ဟု သိရှိရပါကြောင်း၊ အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်ပြီး ကြက်ခြေနီ၏ ကျေးရွာအရောက် ခရီးပေါက်ရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် အလွန်ပင် ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ အသင်း၏ ရည်ရွယ်ချက်နှင့် အခြေခံမှုအတိုင်း လူမျိုးဘာသာ အဆင့်အတန်း မခွဲမခြားဘဲ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် အကျိုးရှိတဲ့ သင်တန်းဖြစ်သည့်အတွက် ကြိုးစား သင်ယူကြပြီး မိမိတို့ရပ်ရွာများကို ပြန်ရောက်တဲ့အခါ ပြည်သူလူထုရဲ့ ကျန်းမာရေး အသိပညာများ တိုးတက်လာအောင် ကြိုးစားလုပ်ဆောင်ပေးစေလိုကြောင်း တို့ကို ပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေဖြင့် ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သည့် ရောဂါများ၏ ကာကွယ် နှိမ်နင်းရေး အစီအမံများကို မိမိတို့ကိုယ်တိုင် ရေးဆွဲ အကောင်အထည်ဖော်ပြီး ကြံ့ကြံ့ခံတုံ့ပြန်နိုင်သော၊ ဘေးကင်းလုံခြုံသည့် လူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်စေရန်၊ လူထုအတွင်း ရုတ်တရက်ဖြစ်ပွားတတ်သည့် ကပ်ရောဂါများကို ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် လူထုတို့ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရန် တုံ့ပြန်နိုင်ရန်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဆိုးကျိုးများအား လျော့ချနိုင်ရန်၊ လူထုအတွင်း ကျရောက်တတ်သော ကပ်ရောဂါများနှင့် နောက်ဆက်တွဲ ပြသ၁နာများ၏ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အဆိုပါ သင်တန်းကို ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ စနစ်တကျ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၄) ဦး တက်ရောက်လျှက်ရှိပါသည်။ သင်တန်းပြီးဆုံးပါက သင်တန်းသား/သူများအနေဖြင့် စီမံချက်ရပ်ကွက် (၄) နေရာနှင့် စာသင်ကျောင်း (၂၀) တို့တွင် ကူးစပ်ရောက်ဂါနဲ့ ပတ်သက်သည့် အသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Read More