|
RMS

  11/ Apr/ 2018

Auto Draft

ရန်ကုန်၊ ဧပြီ ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ရေကစားမဏ္ဍာပ်နေရာများတွင် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုများပေးသွားမည့် မဏ္ဍာပ်နေရာများနှင့် မြို့နယ်အလိုက် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ ဗဟိုမဏ္ဍာပ်၊ မြို့တော်ခန်းမ ဦးတင်ကိုကို (ဦးစီးမှူး(ဒုတိယတန်း))                ၀၉ ၅၅၀၀၄၉၀၊ ၀၉ ၃၂၂၄၈၉၉၉ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အင်းလျားကန်ဘောင်၊ IBC ၊ ပြည်လမ်းနှင့် မြကျွန်းသာပန်းခြံ၊ ကမ္ဘာအေးစေတီလမ်း ဦးမောင်မောင်ဦး (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)       ၀၉ ၅၀၅၃၃၅၆ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သုဝဏ္ဏအားကစားကွင်း၊ ရခိုင်မဏ္ဍာပ်၊ ကန်တော်ကြီးမျှော်စင်ကျွန်း ဦးခင်သန်း (ယာယီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)      ၀၉ ၄၂၁၁၀၉၆၇၅ ရန်ကုန်တောင်ပိုင်းခရိုင်၊ သံလျှင်မြို့မဈေးအနီး ဦးနေလင်းထွန်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)        ၀၉ ၄၂၁၁၀၉၆၉၇၊၀၉ ၇၉၉၄၄၃၀၁၁ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်၊ လှော်ကားဥယျာဉ် ဦးထိန်လင်း (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)             ၀၉ ၇၃၀၄၂၇၉၇၊ ၀၉ ၂၆၁၈၀၄၀၈၅ အဆိုပါနေရာဒေသအလိုက် ကူညီစောင့်ရှောက်မှုပေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုမှ ဦးဆောင်ကွပ်ကဲ၍ သက်ဆိုင်ရာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀) ကျော်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Read More

  10/ Apr/ 2018

မတော်တဆယာဉ်တိုက်မှုတွင် ကြက်ခြေနီမှ ရှေးဦးပြုစုခြင်းဖြင့် ကူညီ

ရန်ကုန် မတ်လ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့ နံနက် ၀၉ နာရီ ၁၅ မီနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ဗိုလ်ခြံမှတ်တိုင်အနီးတွင် မော်တော်ဆိုင်ကယ်နှင့် ကား မတော်တဆ ယာဉ်တိုက်မှု ဖြစ်သွားခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်သမားသည် အခင်းဖြစ်ပွားရာနေရာတွင် လဲကျသွားခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်မောင်ရဲဦးထက်က ထိခိုက်အနာတရ ဖြစ်သွားသော ဆိုင်ကယ်သမားအား ရှေးဦးပြုစုခြင်းများနှင့် လိုအပ်သည်များကို ကူညီပြုစုဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် အဆိုပါလူနာအား မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲနှင့် ပြည်သူတချို့၏ကူညီမှုဖြင့်အတူ ဆေးရုံသို့ အချိန်မှီ ပို့ပြီး ဆေးကုသမှုခံယူနိုင်ရန် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။ Credit; ဇော်မိုးအောင် (SO)

Read More

  26/ Mar/ 2018

ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ဇီးကုန်းကြီး အထက်တန်းကျောင်း တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်

ညောင်လေးပင်၊ မတ်လ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်လေးပင်မြို့နယ်၊ ဇီးကုန်းကြီး အထက်တန်းကျောင်းတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးဝင်း ဦးဆောင်၍ တပ်ဖွဲဝင်များ၊ ဇီးကုန်းကြီး အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၁၈)မှ သင်တန်းသား/သူများ စုစုပေါင်းအင်အား (၁၀၀) ဦးတို့က ဇီးကုန်းကြီး အထက်တန်းကျောင်းတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ Credit; ခင်အောင်လှိုင်(ညောင်လေးပင်)

Read More

  23/ Mar/ 2018

Auto Draft

အမ်း၊ မတ်လ မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြိ့နယ်ကြက်ခြေနီအသင်းခွဲမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ပြောင်းရွေ့လာသော သက် တိုင်းရင်းသားလူမျိုးများအား ထောက်ပံ့ပစွည်းများ ပေးအပ်ပွဲကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကိုးကန်တန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ပုဏ္ဏားဝအုပ်စု၊ ကိုးကန်တန်းကျေးရွာသို့ ပြောင်းရွေ့လာသော ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ သက် တိုင်းရင်းသားလူမျိုး စုစုပေါင်း အိမ်ထောင်စု (၁၉) စု၊ လူဦးရေ(၈၄)ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစွည်းများနှင့် အများပြည်သူများ၏ ထောက်ပံ့ငွေနှင့် လှူဒါန်းပစ္စည်းများကို ၂၀၁၈ခုနှစ် မတ်လ(၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ အမ်းမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးဦးကိုကိုမြတ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသာညွန့်နှင့် အဖွဲ့ဝင် ဦးစိုးစံ၊ အမ်းမြို့နာရေးကူညီမှုအသင်း နာယကနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးတင်မင်းမင်းဖြိုးနှင့် တပ်ဖွဲ့ဝင်(၅)ဦးတို့မှ ထောက်ပံ့ပစွည်းများ တက်ရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ Credit; အမ်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

Read More

  23/ Mar/ 2018

Auto Draft

ရန်ကုန်၊ မတ် ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် အင်ဒိုနီးရှားကြက်ခြေနီမှ Deputy Central Treasurer ဖြစ်သူ Mr. J. Dwihartanto နှင့် အဖွဲ့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အင်ဒိုနီးရှားကြက်ခြေနီအကြား အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ရွှေစင်မြင့်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ အင်ဒိုနီးရှားကြက်ခြေနီမှ Head of PMR and Volunteer, Mr. Muhammad Muasနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  23/ Mar/ 2018

Auto Draft

မော်လမြိုင်၊ မတ်လ (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန၊ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်း အစီအစဉ်တို့ ပူးပေါင်းပြီး ကြက်ခြေနီအသိပညာပေးပြခန်း ခင်းကျင်း ပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အေးဇံနှင့် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယ-ဥက္ကဌနှင့် အဖွဲ့ဝင်များ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမျိုးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲမှူး ဗဟိုကောင်စီဝင်ဦးကျော်မြင့်၊ မွန်ပြည်နယ် မြို့နယ်များမှ မြို့နယ်တပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ၊ NGO/INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြခန်းတာဝန်ခံများ တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသိပညာပေးပြခန်းတွင် ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများနှင့် ပတ်သက်သော ပစွည်းများ၊ စာအုပ်စာတမ်းများ၊ ဓါတ်ပုံများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခင်းကျင်းပြသပါသည်။ ထို့အပြင် (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များထဲမှ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိလိုသူများကို ရှင်းလင်းပြောပြခဲ့ကြပါသည်။ ကြက်ခြေနီအသိပညာပေးပြခန်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ (၆) ရက်တိုင်တိုင် မော်လမြိုင်မြို့၊သံလွင်ဥယျာဉ်ပန်းခြံတွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။ Credit; ရတနာထွန်း (DM)

Read More

  23/ Mar/ 2018

Auto Draft

ဟားခါး၊ မတ်လ ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ် ခဲ့ကြပါသည်။ အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟားခါးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်း စုစုပေါင်း (၃၀) ဦးတို့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Credit; ကျဲအိုလျန်ကျုံး (SO)

Read More

  19/ Mar/ 2018

စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်ကျင်းပပြုလုပ်မည်

ရန်ကုန်မြို့၊ မတ်လ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပမည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော်ကို မတ်လ၃၀-၃၁ နှင့်ဧပြီလ၁ရက်နေ့တို့တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ နံနက်၉နာရီ မှ ည၉နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်တွင် - နာမည်ကြီး ရုပ်ရှင် ဂီတ အနုပညာရှင်များမှတေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ - သရုပ်ဆောင်များ ၊မော်ဒယ်များ၏ ဖက်ရှင်သရုပ်ပြအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များစသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပြသခြင်း၊ - တိုင်းရင်းသားရိုးရာအစားအစာများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်း များ တည်ခင်းရောင်းချခြင်း၊ - ကံစမ်းမဲ လက်မှတ်များ ရောင်းချကာ အဖိုးတန်ဆုမဲများမဲဖောက်ပေးခြင်း၊ - နာမည်ကြီးအနုပညာရှင်များနှင့် အခြားသောအလှူရှင်များမှ လှူဒါန်းသော Good Secondhand Shop များ ဖွင့်လှစ်ရောင်းချခြင်း၊ - ကြက်ခြေနီအကြောင်းသိကောင်းစရာပြခန်းနှင့် ကြက်ခြေနီမှဆောင်ရွက်နေသောလူမှုကရုဏာလုပ်ငန်းများကြောင်းကိုစိတ်ဝင်စားဖွယ်ရာပြကွက်များဖြင့်ခင်းကျင်းပြသခြင်း၊ - ဈေးနှုန်းအထူးသက်သာသော အဝတ်အထည် အလှကုန် လူသုံးကုန်များကို ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း အစရှိသည်တို့ဖြင့် သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါဈေးပွဲတော်မှ ရရှိလာသောရန်ပုံငွေများကို စစ်ဘေးရှောင် ပြည်သူများအတွက် ကြက်ခြေနီက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာ လုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်ပါသည်။

ရန်ပုံငွေဈေးပွဲတော် နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဦးကိုကိုကျော်၊ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဖုန်း- ၀၉-၉၇၇၁၁၅၅၅၅ ၊ အီးမေးလ် - kokokyaw@redcross.org.mm သို့ဆက်သွယ်စုံစမ်းကာ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း၊ အသုံးအဆောင်ပစ္စည်းများဆိုင်ခန်းဖွင့်လှစ်နိုင်ရန်လှူဒါန်းခြင်း၊ အနုပညာပိုင်းဆိုင်ရာကူညီဖျော်ဖြေခြင်း၊ ဈေးပွဲတော်တွင် စီးပွားရေးကြော်ငြာများဖြင့်အားဖြည့်နိုင်ရန်လုပ်ငန်းရှင်များမှကူညီခြင်း အစရှိသည်တို့ကိုဆောင်ရွက်နိုင်ပါကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသိပေးအပ်ပါသည်။

Read More

  08/ Mar/ 2018

Draft

ရန်ကုန်၊ မတ် ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် မြန်မာနိုင်ငံဆိုင်ရာ တူရကီ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးမှ  Deputy Head of Mission ဖြစ်သူ Mr.Eymen Ozsahin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More