ပေါင်မြို့နယ် လူနာသီးသန့်ထားခန်းတွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းများအား ကြက်ခြေနီ ကူညီဆောင်ရွက်

  09/ Sep/ 2021

မွန်ပြည်နယ်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်
ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် ဒေါက်တာဟိန်းကိုကိုဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်ရှိ လူနာသီးသန့်ထားခန်း (Isolation Ward) အတွင်းတွင် လူနာများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို နေ့စဥ်ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ထို့အတူ ပေါင်ဆေးရုံ (Isolated Ward-1)မှ ဆေးကုသမှုခံယူနေသော အမျိုးသားတစ်ဦးအား လိုအပ်ချက်အရ မော်လမြိုင်ဆေးရုံ (Isolation Ward) သို့ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။