မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

  19/ Apr/ 2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အခါသမယမှာ နိုင်ငံတစ်ဝှမ်းက ကြက်ခြေနီအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများနှင့် ပြည်သူပြည်သားအပေါင်းတို့အား ကျက်သရေမင်္ဂလာရှိလှတဲ့ နှစ်သစ်နေ့ရက်မှာ ကိုယ်ရော စိတ်ပါ ရွှင်လန်း ကျန်းမာပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သလိုက်ပါတယ်။

ပါမောက္ခဒေါက်တာမျိုးညွန့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း