ကချင်အထူးစီမံချက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဉ်မှ ငွေသားထောက်ပံ့

  22/ Nov/ 2021

ကချင်၊ နိုဝင်ဘာ (၂၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူးစီမံချက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဉ်မှ ကချင်ပြည်နယ်၊ လော်ဝေါ်နှစ်ခြင်းစခန်းရှိ အိမ်ထောင်စု(၅၇)စုနှင့် ကေဘီစီစခန်း(၂)ရှိ အိမ်ထောင်စု(၅၈)စု၊ စုစုပေါင်း အိမ်ထောင်စုပေါင်း (၁၁၅)စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ ထောက်ပံ့ငွေများအား ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြပါသည်။