10/ Nov/ 2020

မြဝတီမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်နေကြပါတယ်။

🔱🔱🔱 နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း အမှတ် (၂) ဂိတ်မှ ဝင်ရောက်လာတဲ့ခရီးသည်များနှင့် နေရပ်ပြန်ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများမှတ်သားခြင်း၊ သတင်းပေးပို့ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ထိုနေရာအား ပိုးသတ်ဆေးဖြန်းပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြတယ်။