29/ Jul/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်

ရန်ကုန်၊ ဇူလိုင် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမန်ကြက်ခြေနီ အသင်း တို့ပူးပေါင်းပြုလုပ်သည့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀
ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel ၌ကျင်းပခဲ့ပါသည်။  အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအမှုဆောင်များဖြစ်ကြသော ဒေါက်တာတင်ညွန့်နှင့်ဒေါ်ကြူကြူဝင်း၊ ဒေါက်တာထိန်လင်းနှင့် ဒေါက်တာသိန်းငွေ၊အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိအထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ညွန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့မှဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်းဥက္ကဌက အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းသည် အသင်း၏ ပင်မသွေးကြောတစ်ခု ဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှေးဦးပြုစုခြင်း သင်တန်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အဆင့်များအထိ ယခုထက် ပိုမိုဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြစေလိုပါကြောင်း၊ရှေးဦးပြုစုခြင်း ပညာရပ်များ ပြန့်ပွားစေရန် အမျိုးသားအဆင့် အစီအမံများဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲကာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊
ယခုလို ဆောင်ရွက်ရာတွင် အသင်း၏သတ်မှတ်ထားသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော ရှေးဦးပြုစုခြင်းမူဝါဒကို အသစ်ပြန်လည်ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊တက်ရောက်လာသူများ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဂျာမန်ကြက်ခြေနီအသင်း ဌာနေကိုယ်စားလှယ် Mr.Emilio က နှုတ်ခွန်းဆက်စကားပြောကြားကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Read More

  30/ Jun/ 2020

မြဝတီတွင် နေရပ်ပြန်ပြည်သူများအား ကြက်ခြေနီမှဆက်လက်ကူညီ

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့က မြ၀တီမြို့၊ အမှတ်(၂)တံတားမှတစ်ဆင့် ပြန်လည်၀င်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများကို စာရင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေး စာစောင်များ၊ ထမင်းနှင့်ရေသန့်ဘူးများကူညီခြင်း၊ သက်ဆိုင်ရာနေရပ်အသီးသီးသို့ညွှန်းပို့ကူညီပေးခြင်းတို့ကို မြ၀တီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၇) ဦး တို့သည် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ တာဝန်ရှိသူများ စေတနာ့လုပ်အားရှင်များနှင့် အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  23/ May/ 2020

ကြက်ခြေနီမှ ပြည်သူအားဝေမျှရန် နှာခေါင်းစည်းများ ချုပ်လုပ်

စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၃၀)ဦးတို့သည် ပြည်သူများအားမျှဝေနိုင်ရန် နှာခေါင်းစည်းများကိုချုပ်လုပ်ခြင်းကို ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ အစိုးရနည်းပညာဌာနသက်မွေးသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မေလ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  15/ Apr/ 2020

စစ်တွေမြို့တွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရခိုင်ပြည်နယ်စီမံချက်များစီမံခန့်ခွဲမှုယူနစ်နှင့် စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တို့ ပူးပေါင်းကာ စစ်တွေမြို့နယ်အတွင်း COVID-19ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် ဧပြီ ၁၅ရက်နေ့က ရခိုင်ပြည်နယ် အကူရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာဝင်းအတွင်း COVID-19ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ဗီနိုင်းများတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီူ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ လိုက်နာဆောင်ရွက်ရမည့် အချက်များကို တေးသရုပ်ဖော်ကာ အသိပညာပေးခဲ့ကြပါသည်။

Read More

  09/ Apr/ 2020

မောင်တောမြို့နယ်တွင် ကြက်ခြေနီမှ COVID-19ရောဂါ ကာကွယ်ရေး ဆောင်ရွက်

မောင်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်စီမံချက်များစီမံခန့်ခွဲမှုယူနစ်၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ မောင်တောမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် COVID-19ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် နှာခေါင်းစည်းအသုံးပြုနည်းတို့ကို ဝေမျှခြင်းတို့ကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၉ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

Read More

  19/ Mar/ 2020

ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် စစ်တွေခရိုင်တပ်ဖွဲ့မှူး ဦးစိန်မြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်ရှိ စစ်တွေတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ်နှင့် မြို့နယ်လျှပ်စစ်ရုံးတို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးပိုစတာများကပ်ခြင်းဖြင့် အသိပညာပေးခြင်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၉ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။  

Read More