19/ Dec/ 2023

ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေး

ညောင်လေးပင်၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အကူအညီလိုအပ်သည့် ရပ်ရွာလူထုအတွက် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ကူညီပေးလျက်ရှိရာပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ ရောက်ရှိနေကြသော အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ ကူညီနေမှုများကို အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် နှင့်အဖွဲ့သည် ဩဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
 
ထိုသို့ထောက်ပံ့ရာတွင် ညောင်လေးပင်မြို့ ယာယီနေရပ်စွန့်ခွာစခန်း(၅)ခုရှိ အိမ်ထောင်စု(၇၅)စုမှ ပြည်သူ (၂၇၄)ဦးအတွက် အဝတ်အထည်၊ ဖျာ၊ စောင်၊ခြင်ထောင်၊ ခေါင်းအုံး ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ အမျိုးသား တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းစသည့် အသုံးအ‌ဆောင်ပစ္စည်း(၉)မျိုးတို့ကို ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၆)ဦးကကူညီ ထောက်ပံ့ပေးခဲ့ရာ အသင်းဥက္ကဌနှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။

Read More

  18/ Dec/ 2023

Medical Coordinator

Read More

  04/ Dec/ 2023

Clerk-1

Read More

  04/ Dec/ 2023

Legal Advisor

Read More

  04/ Dec/ 2023

Senior Nurse

Read More

  26/ Nov/ 2023

Senior Nurse

Read More

  24/ Nov/ 2023

အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် Asia Pacific Youth Forum နှင့် 11th Asia Pacific Regional Conferenceများသို့တက်ရောက်

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့မှ နိုဝင်ဘာလ(၂၃)ရက်နေ့အထိ ကျင်းပခဲ့သော Asia Pacific Youth Forum နှင့် 11th Asia Pacific Regional Conference များသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ညီလာခံသို့ အသင်းဥက္ကဌနှင့်အတူ စီမံခန်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်နှင့် လူငယ်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် တို့ အဖွဲ့ဝင်အဖြစ် ပါဝင် တက်ရောက်ခဲ့ပြီး Asia Pacific Youth Forum တွင် Asia Pacific Youth Network activitiesများကို လေ့လာခွင့်ရရှိခဲ့ပြီး Youth Engagement Strategy 2.0 တွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားပြုပြီး အကြံပြုချက်များ ပေးခဲ့ပါသည်။ 11th Asia Pacific Regional Conference ၏ Becoming Trusted Organization Breakout Session တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး Hanoi Call For Action အတွက် သဘောတူ ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးအတွက် အသင်းအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပြီး  Hanoi Call For Action ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါသည်။ Movement Coordination Breakout Session တွင် လူငယ်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တွဲဘက်သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကြက်ခြေနီလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ICRC ၊ IFRC နှင့် အမျိုးသားကြက်ခြေနီအသင်းများ အကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ဆွေးနွေးခဲ့ပါသည်။ 11th Asia Pacific Regional Conference တွင် အာရှပစိဖိတ်ဒေသအတွင်းရှိ ကြက်ခြေနီနှင့် လခြမ်းနီအသင်း ခေါင်းဆောင်များသည် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကတိကဝတ်(၈)ချက်ကိုသဘောတူညီခဲ့ကြပါသည်။

Read More