15/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ရခိုင်ပြည်နယ်ရှိထိခိုက်ခံစားရသူများအားအရေးပေါ်ကယ်ဆယ်ရေး သုံးပစ္စည်းများ ဆက်လက်ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ အခြေအနေအမျိုးမျိုးကြောင့် အကူအညီလိုအပ်နေသူတွေထံ အချိန်တိုအတွင်း ထိရောက်တဲ့လူမှုကရုဏာကူညီတွေပေးနိုင်ဖို့ အလေးထားဆောင်ရွက်လျက်ရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှ အကူအညီလိုအပ်နေသူတွေထံ အရေးပေါ်ကူညီထောက်ပံ့မှုများ စောလျင်စွာပေးအပ်နိုင်ဖို့ အနယ်နယ်အရပ်ရပ်မှလှူဒါန်းထားတဲ့ အခြေခံ အစားအစာ၊ အဝတ်အထည်စသည့် ပစ္စည်းများနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေဟာ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံသို့ ရောက်ရှိနေပြီး စနစ်တကျ သိုလှောင် ထားရှိပါတယ်။
အမှန်တကယ်လိုအပ်တဲ့နေရာက အကူအညီလိုအပ်နေသူတွေထံ အရောက်သွားကာ ဆက်လက်လှူဒါန်းနိုင်ဖို့ အတွက် အသင်းဝန်ထမ်းများနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက အလေးထားဆောင်ရွက်လျက်ရှိပါတယ်။

Read More

  14/ Jun/ 2023

ရခိုင်ပြည်နယ်ရှိ သောက်သုံးရေလိုအပ်သောနေရာများသို့ ကြက်ခြေနီက သောက်သုံးရေဆက်လက်ဖြန့်ဝေ

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရခိုင်ပြည်နယ်ရှိ သောက်သုံးရေလိုအပ်သောနေရာများသို့ သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် ဇွန်လ(၁၄)ရက်နေ့က စစ်တွေမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော နေရာများသို့ ရေလီတာ(၉,၀၄၀)၊ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ ရေပေးဝေရာတွင် ရေလီတာ(၅၄၀)ဖြင့် စုစုပေါင်းသောက်သုံးရေ လီတာ(၉,၅၈၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
အလားတူ ကျောက်တော်မြို့နယ်အတွင်း သောက်သုံးရေလိုအပ်သည့်နေရာများသို့ ရေလီတာ(၇၈၀)၊ ချမ်းမြေ့နဒီပန်းခြံရှေ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေပေးဝေရာနေရာတွင်ရေလီတာ(၇၆၀) တို့ကို ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရေလိုအပ်သည့်နေရာများသို့ လက်လှမ်းမီသရွေ့သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ ကောင်းမွန်တဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

Read More

  14/ Jun/ 2023

Programme Associate

Read More

  14/ Jun/ 2023

Deputy Director

Read More

  14/ Jun/ 2023

Field Assistant

Read More

  12/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ရခိုင်ပြည်နယ်ရှိထိခိုက်ခံစားရသူများအားအရေးပေါ်ကယ်ဆယ်ရေး သုံးပစ္စည်းများ ဆက်လက်ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

မိုးရာသီရောက်ရှိလာတာနဲ့အမျှ...
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် အိုးအိမ်ပျက်စီးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရသူတွေလိုအပ်တဲ့ အကူအညီတွေကို ထိရောက်စွာကူညီနိုင်ရေးက အရေးကြီးလာပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ကွင်းဆင်းဝန်ထမ်းများနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက ပျက်စီးဆုံးရှုံးခဲ့တဲ့ နေရာဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ ထိရောက်သောအကူအညီများပေးအပ်နိုင်ရန် လက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ပိုမိုလျင်မြန်စွာထောက်ပံ့နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။

Read More

  12/ Jun/ 2023

Health Officer

Read More