ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ရခိုင်ပြည်နယ်ရှိထိခိုက်ခံစားရသူများအားအရေးပေါ်ကယ်ဆယ်ရေး သုံးပစ္စည်းများ ဆက်လက်ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

  15/ Jun/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ အခြေအနေအမျိုးမျိုးကြောင့် အကူအညီလိုအပ်နေသူတွေထံ အချိန်တိုအတွင်း ထိရောက်တဲ့လူမှုကရုဏာကူညီတွေပေးနိုင်ဖို့ အလေးထားဆောင်ရွက်လျက်ရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှ အကူအညီလိုအပ်နေသူတွေထံ အရေးပေါ်ကူညီထောက်ပံ့မှုများ စောလျင်စွာပေးအပ်နိုင်ဖို့ အနယ်နယ်အရပ်ရပ်မှလှူဒါန်းထားတဲ့ အခြေခံ အစားအစာ၊ အဝတ်အထည်စသည့် ပစ္စည်းများနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေဟာ စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံသို့ ရောက်ရှိနေပြီး စနစ်တကျ သိုလှောင် ထားရှိပါတယ်။
အမှန်တကယ်လိုအပ်တဲ့နေရာက အကူအညီလိုအပ်နေသူတွေထံ အရောက်သွားကာ ဆက်လက်လှူဒါန်းနိုင်ဖို့ အတွက် အသင်းဝန်ထမ်းများနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက အလေးထားဆောင်ရွက်လျက်ရှိပါတယ်။