16/ Dec/ 2020

ရန်ကုန်ဆေးရုံကြီးကိုဗစ်ကုသရေးစင်တာတွင် ပဲခူးတိုင်းဒေသကြီးကကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိ

ဒီဇင်ဘာလ ၁၆ရက်နေ့က စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာမှာ တစ်လတိတိ လုပ်အားပေးတာဝန်ထမ်းဆောင်ဖို့အတွက် ပဲခူးတိုင်းဒေသကြီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ရောက်ရှိနေခဲ့ကြပါပြီ။ အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၁၀၈၀၀၀ဝ)တို့ကိုလည်းကောင်း၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ်(၃၆၀၀၀ဝ)တို့ကိုလည်းကောင်း၊ သာယာဝတီခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၃၀၀၀၀၀) နှင့်Sport Shirtတို့ကိုလည်းကောင်း၊ ပဲခူးခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၂၀၀၀၀၀)တို့ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒု-မြို့နယ်တပ်ဖွဲ့မှူးဦးအေးချိုမိသားစုမှ ငွေကျပ်(၂၀၀၀၀၀)တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းတပ်ဖွဲ့မှူး ဒေါက်တာနေမျိုးနှင့် တွဲဘက်အတွင်းရေးမှူးဦးသိန်းအောင်တို့က track suit၊ Scrub Suitနှင့်waist coatတို့ကိုလည်းကောင်း အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ကိုဗစ်ကုသရေးစင်တာမှာ ကိုဗစ်ရောဂါခံစားနေရတဲ့လူနာတွေကို ကူညီစောင့်ရှောက်ဖို့၊ အစားအသောက်နဲ့နေရာထိုင်ခင်းကူညီစီစဉ်ပေးဖို့နဲ့ ကျရာတာဝန်ကို လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ထမ်းဆောင်ဖို့ ပဲခူးတိုင်းဒေသကြီး မြို့နယ်အသီးသီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီးသို့ထွက်ခွာလာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကိုဗစ်၁၉ရောဂါကာကွယ်ရေးရေးအတွက်ရှေ့တန်းကအသင့်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို လက်ခုပ်တီးပြီး အားပေးဂုဏ်ပြုလိုက်ကြရအောင်။  

Read More

  15/ Dec/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နေ

ဒီဇင်ဘာလ ၁၅ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သစ်ဆိပ်ကုန်တင်ကားယာယီယာဉ်ရပ်နားစခန်းတွင် ယဉ်မောင်း၊ ယဉ်နောက်လိုက်နှင့် ခရီးသည် စုစုပေါင်း (၉၃) ဦးအား ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ စစ်‌ဆေးမှုများပြုလုပ်ရာတွင် ကူးစက်မှုများမဖြစ်စေရန် အသုံးပြုပီးသော swab test များအား မီးရှို့ဖျက်ဆီခြင်းနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးခြင်း၊ ထိုနေရာများအားပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ခံရသူ (၁)ဦးအား ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် လွိုင်ကော်ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြသည်။

Read More

  15/ Dec/ 2020

ဧရာဝတီတိုင်းတွင် မြို့နယ်များ၌ COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီများ ပါဝင် ကူညီလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ အစီအစဉ်ဖြင့် မြိုနယ်ကြက်ခြေနီ အသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂)ဦးတို့သည် ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအဖွဲ့နဲ့အတူ လှည်းဆိပ်ဈေးအတွင်း၊ ဈေးပြင်ပနှင့် အဝေးပြေးကားလမ်း တစ်လျှောက်တို့တွင် လက်များစနစ်တကျဆေးနိုင်ရန်ကူညီခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ အသိပညာပေးခြင်းတို့ကို ဒီဇင်ဘာလ ၁‌၅ ရက်နေ့က ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ထို့အတူ ဟင်္သာတမြို့ ဝင်/ထွက်ဂိတ်များ၌ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ရေးမှတ်ခြင်းတွေကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မ.စ.က အဖွဲ့ဝင်များနဲ့အတူ ဟင်္သာတခရိုင်/မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦး တို့က ပူးပေါင်း ကူညီဆောင်ရွက်နေကြပါတယ်။

Read More

  14/ Dec/ 2020

မိုးကုတ်တွင် အခြေခံပညာကျောင်းများအတွက် လက်ဆေးဘေစင်လှူဒါန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ စကားပြောစက်နှင့် လူနာထမ်းစင်လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၅)ကျောင်းသို့ လက်ဆေးဘေစင်များနှင့် လက်သန့်ဆေးရည်များ လှူဒါန်းခြင်း၊ ဒေါက်တာအောင်မြင့် နှင့် ဦးပါရာကပ်တို့မှမြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ စကားပြောစက်များ လှူဒါန်းခြင်းနှင့် ဒါနလူငယ်အဖွဲ့မှ လူနာထမ်းစင်လှူဒါန်းခြင်းတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါလှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်ပညာရေးမှူးဦးရဲမြင့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြပါတယ်။

Read More

  13/ Dec/ 2020

ကော့သောင်းနဲ့ ပုလောက ကျေးရွာတွေမှာ COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဖော့သုတ်ကျေးရွာမှာ COVID-19ရောဂါကာကွယ်ထိန်ချုပ်ရေး အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းလုပ်ငန်းများကို ကော့သာင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း (၄၅) ဦးတို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ထို့အတူ ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီတပ်စုမှူး ဦးဝင်းမင်းထွန်း ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မကျည်းကုန်းကျေးရွာအုပ်စု နတ်အိမ်ကမ်းကျေးရွာမှာ အသိပေးပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းနဲ့ နှာခေါင်းစည်းများပေးဝေခြင်းများကို သြားရောက်ပြုလုပ်ခဲ့ကြပါတယ်။

Read More

  13/ Dec/ 2020

တာချီလိတ်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်

တာချီလိတ်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက တာချီလိတ်မြို့နယ် ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်း၊ တာလော့အခြေခံပညာအလယ်တန်းကျောင်းခွဲနဲ့ ပုန်းထွန်အခြေခံပညာကျောင်းတွေမှာဖွင့်ထားတဲ့ Quarantine စင်တာတွေမှာ အစားအသောက်စီစဉ်ပေးတာတွေ၊ အတည်ပြုလူနာတွေနေထိုင်ခဲ့တဲ့အခန်းတွေကိုဆေးဖြန်းတာတွေနဲ့ ရောဂါကာကွယ်ဖို့လိုက်နာနေထိုင်ဖို့လိုအပ်တာတွေကို အသိပညာပေးနှိုးဆော်တာတွေကို ဒီဇင်ဘာလ၁၃ရက်နေ့က ဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  12/ Dec/ 2020

မိုင်းပျဉ်းနှင့်မိုင်းခတ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်

မိုင်းပျဉ်းနှင့်မိုင်းခတ်မြို့အဝင်ဂိတ်တွေမှာလည်း ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကိုဗစ်၁၉ရောဂါကူးစက်မှုကိုကာကွယ်ဖို့အတွက် ခရီးသွားမှတ်တမ်းရယူတာတွေ၊ ကိုယ်အပူချိန်တိုင်းပေးတာတွေနဲ့ နှာခေါင်းစည်းဝတ်ဆင်ဖို့အသိပညာပေးတာတွေကို နေ့စဉ်ဆောင်ရွက်လျက်ရှိနေကြပါတယ်။

Read More

  11/ Dec/ 2020

မြိတ်တွင် ပသောင်းကျေးရွာ၌ COVID-19 ရောဂါကာကွယ်ဖို့ ကြက်ခြေနီအသိပညာပေး

ဒီဇင်ဘာလ ၁၁ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ကြက်ခြေနီတပ်ခွဲမှူး ဦးဇေယျာမိုးနဲ့ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့ဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့က မြိတ်မြို့နယ် ပသောင်းကျေးရွာမှာ COVID- 19‌ေရာဂါကာကွယ်ရေး အသိပညာပေး ဆော်သြခဲ့ကြတယ်။ ပညာပေးပိုစတာကပ်ကြတယ်။ ရောဂါကာကွယ်ရေးအတွက်သုံးဖို့အတွက် လက်ဆေး ဆပ်ပြာဆီဘူးများ ပေးအပ်ခဲ့ကြပါတယ်။

Read More

  11/ Dec/ 2020

ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများပေးဝေ

ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရပ်ကွက် (၇)ခုမှ ဈေးများ၊ လမ်းဆုံများ၊ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်စေခြင်းကမ်ပိန်းများပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကော့ကရိတ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

Read More