04/ Jan/ 2021

လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို Mask Campaign နှင့် အသိပညာပေးခြင်း သာ‌ပေါင်း၌ ကြက်ခြေနီဆောင်ရွက်

သာပေါင်း၊ ဇန်နဝါရီ ၄ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ၊ စစ်ပင်ကြီးကျေးရွာ ကြက်ခြေနီအသင်းခွဲငယ် မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက Mask Campaign နှင့် အသိပညာပေးခြင်းတို့ကို ဇန်နဝါရီလ ၃ ရက်နေ့က အဆိုပါကျေးရွာမှာ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကျေးရွာနေပြည်သူများအား တစ်အိမ်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(၅၀)ပါတစ်ဘူးနှုန်းဖြင့်လိုက်လံ‌ေပး‌ေဝခဲ့ကြပြီး နေအိမ်မှအပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျဝတ်ဆင်သွားလာကြရန်အသိပညအသုံးပြုပြီးပါက အမှိုက်ပုံးထဲသို့စနစ်တကျစွန့်ပစ်ရန် အသိပညာ‌ပေးခဲ့ ကြပါတယ်။ ဆပ်ပြာနှင့်ရေအသုံးပြုပြီး လက်ကို စနစ်တကျဆေးကြောရန် ၊ ရေမရရှိနိုင်ပါက လက်သန့်စင်ဆေးရည် အသုံးပြုနိုင်‌ကြောင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင် (၂၉)ဦးတို့က အသိပညာပေး ဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  03/ Jan/ 2021

နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အကူအညီလိုသူများကို အကူအညီများပေး

နေပြည်တော်၊ ဇန်န၀ါရီ ၂ ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှ ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ဆေးကုသရန် လာရောက်ကြသော လူနာနှင့် လူနာစောင့်(၃)ဦးတို့ကို နေပြည်တော်ကြက်ခြေနီတွေက (၂၀၂)မိုင်စစ်ဆေးရေးဂိတ်နှင့် စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ပြန်လည်သက်သာသဖြင့် ဒိုက်ဦးမြို့နယ်သို့ပြန်လည်ထွက်ခွာကြမည့် ဆေးရုံဆင်းလူနာနှင့်လူနာစောင့်(၄)ဦးတို့အား (၂၀၂) မိုင် စစ်ဆေးရေးဂိတ်သို့ ဒုတိယတပ်ခွဲမှူးဦးကျော်ကျော်ထွန်းနှင့် ဦးကောင်းမြတ်ဝင်း တို့က နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။  

Read More

  02/ Jan/ 2021

နေရပ်ပြန်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်ပေး

တောင်ကြီး၊ ဇန်နဝါရီလ ၂ တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှတဆင့် ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တောင်ကြီးစီးပွားရေးဇုံကားကွင်းသို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အမည်စာရင်းများ မှတ်တမ်းသွင်းပေးခြင်း၊ သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်သွားရောက်လိုသူများအား စီးနင်းရမည့်ကားများညွှန်းပို့ပေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  02/ Jan/ 2021

မြဝတီမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ အဆက်မပြတ်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ် ၂ ချစ်ကြည်ရေးတံတား Cargo Gate တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများ၊ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများရယူမှတ်တမ်းတင်ပေးခြင်း၊ သတင်းပေးပို့ခြင်း၊ အာခေါင်တို့ဖတ်ဆေးစစ်ချက်များရယူရန် ကားသမားများအား လိုက်လံပို့ဆောင်ပေးခြင်း၊ ထိုဂိတ်တွင်ပိုးသတ်ဆေးဖြန်းပေးခြင်းတို့ကို မြဝတီမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။

Read More

  01/ Jan/ 2021

ကော့သောင်း‌‌လေဆိပ်တွင် COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

ကော့သောင်း၊ ဇန်နဝါရီ ၁ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ လေယာဉ်ခရီးစဥ်များဖြင့်လိုက်ပါလာသူများကို ကော့သောင်းလေဆိပ်၌ ဌာနဆိုင်ရာများနဲ့အတူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းသိမ်း ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၂)ဦးတို့ကကိုယ်အပူချိန်တိုင်းတာခြင်း၊ အသွားအလာကန့်သတ်စောင်ကြည့်စခန်းများသို့ ကူညီပို့ဆောင်‌ေပးခြင်းတို့ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့က ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။  

Read More

  01/ Jan/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၏ ၂၀၂၁ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင် တပ်ဖွဲ့ဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ - ယနေ့သည် ၂၀၂၁ ခုနစ် နှစ်သစ်ရဲ့ ပထမ ခြေလှမ်းကို စတင်မည့် နေ့ရက်ကောင်းဖြစ်ပါတယ်။ ဒီလို မင်္ဂလာ ရှိလှတဲ့ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ အချိန်အခါဖြစ်သည်နဲ့အညီ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးနှင့်တကွ ဘေးအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ရှေးဦးစွာ နှုတ်ခွန်းဆက်ပါတယ်။ ယခု ကမ္ဘာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားကူးစက်နေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါဆိုးကြောင့် အသက် ပေါင်းများစွာ ကြွေလွင့်ဆုံးရှုံးနေကြရပါတယ်။ ဒီကပ်ရောဂါဆိုးကို တိုက်ထုတ်ဖို့ရာမှာ ကျွန်တော်တို့ တစ်ဦး တစ်ယောက်တိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ကြက်ခြေနီများအနေနဲ့လည်း မိမိတို့ ကိုယ်တိုင်အတွက် သာမက အများအကျိုးအတွက် ဒေသအလိုက် ရောဂါတားဆီးကာကွယ်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူး ပေါင်းပါဝင်ဆောင်ရွက်နေကြတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။ အထူးသဖြင့် ကူးစက်မှုနှုန်း မြင့်တက် နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှိုင်ကိုဗစ်ကုသရေးစင်တာနှင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတို့တွင် တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုက ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း (၂၇၃)ဦးတို့က အလှည့်ကျ တစ်လစီ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် အသင်းအနေဖြင့် နိုင်ငံတော်ကို တစ်ဖက် တစ်လမ်းက အားဖြည့်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုလာရောက်ကူညီနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်း ပံ့ပိုး ပေးခဲ့ကြတဲ့ ကြီးကြပ်ကော်မတီများ၊ မြို့နယ်အမှုဆောင်များ၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်ခေါင်းဆောင်များ၊ အလှူရှင်များနဲ့ ခွင့်ပြုပေးခဲ့ကြတဲ့ မိဘ၊ ဆွေမျိုးသားချင်းများ၊ အထူးသဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ကြက်ခြေနီ စေတနာ လုပ်အားရှင် တစ်ဦးတစ်ယောက်တိုင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အထူးပင် ကျေးဇူးတင် လေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ လက်ရှိ ကြုံတွေ့နေရတဲ့ ကပ်ရောဂါဆိုး ကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံများကို ပုံစံအသစ် (New Normal Style) ဖြင့်ပြောင်းလဲ ပြုမှုလုပ်ဆောင် ကြရမှာဖြစ်တဲ့အတွက် ပုံစံသစ်နဲ့ အံဝင်ခွင်ကျဖြစ်မည့် ဆောင်ရွက်မှုများကို တီထွင်ဖန်တီး ကြိုးစားလုပ် ဆောင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ - ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီနှင့် အများပြည်သူ အတူလက်တွဲကာ ပိုမို ကျန်းမာ ကြံ့ခိုင်သော လူမှုဘဝများကို တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝ ပတ်ဝန်း ကျင်မှာနေထိုင်ရင်း ထပ်မံကြုံတွေ့လာနိုင်သည့် ဘေးဒုက္ခအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ထိရောက်တဲ့ တုံ့ပြန်နိုင်မှု တို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြစ် အသင်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိန်းသိမ်းကာ မွန်မြတ် လှတဲ့ လူမှုကရုဏာခရီးလမ်းမှာ မည်သို့သော စိန်ခေါ်မှု၊ အခက်အခဲများ ကြုံတွေ့စေကာမူ ဖြေရှင်း ကျော်လွှား ဆောင်ရွက်နိုင်သော ကြက်ခြေနီများ ဖြစ်ကြပါစေကြောင်းနှင့် ရောဂါဘယကင်းဝေး ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါ သမယမှာ ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သလိုက် ပါတယ်။ ဒေါက်တာမောင်မောင်မြင့် ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  30/ Dec/ 2020

လှိုင်းဘွဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

လှိုင်းဘွဲ့၊ ဒီဇင်ဘာ ၃၀ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ မြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ခရီသွားရာဇဝင်များ၊ ထောက်ခံစာများ၊ အမည်စာရင်းများအား စီစစ်မှတ်တမ်းသွင်းခြင်းတို့ကို လှိုင်းဘွဲမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် လှိုင်းဘွဲ့မြို့နယ်မှ ဒုတိယတပ်ဖွဲ့မှူး ဒေါ်အိဖြူနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်၂ ဦးတို့ကလည်း နေရပ်ပြန်ပြည်သူများကို အမည်စာရင်းများမှတ်တမ်းသွင်းပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ပြန်မည့်သူများအား စီးနင်းရမည့်ကားများညွှန်းပို့ခြင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  30/ Dec/ 2020

ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီအဆက်မပြတ်ဆောင်ရွက်

ဝက်လက်၊ ဒီဇင်ဘာ ၃၀ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စည်ပင်သာယာဈေးတွင် နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ဝက်လက်မြို့အဝင်အထွက်ဂိတ်များတွင် နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ ရေနှင့်အစားအသောက်များ ပေးလှူခြင်း၊ ဝက်လက်မြို့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ခံထားရသူများအား ထောက်ပံ့ပစ္စည်းများပေးလှူခြင်းတို့ကို ဝက်လက်မြို့နယ်မှ ကြက်‌ခြေနီစေတနာလုပ်အားရှင်များက ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။  

Read More

  30/ Dec/ 2020

အိမ်မဲတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး၌ ပါဝင်ကူညီသော ကြက်ခြေနီများအား ဂုဏ်ပြု

အိမ်မဲ၊ ဒီဇင်ဘာ ၂၇ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်တုံ့ပြန်ရေးလုပ်ငန်းများတွင်စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေပြည်တန်ခန်းမ၌ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အခမ်းအနားမှာ မြို့နယ်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမင်းသူ၊ တိုင်း‌ဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမန်းကြည်ရွှင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးကျော်အောင် တို့က ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါတယ်။ ထို့နောက် မြောင်းမြခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်ဦးက ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ ပါဝင်ကူညီဆောင်ရွက်ခဲ့သည်များရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနဲ့ ဂုဏ်ပြုပစ္စည်းများ ပေးအပ်ခဲ့ကြပါတယ်။

Read More