ကလေးဝတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ဆောင်ရွက်

  21/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသူများအား COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ကလေးဝမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်မိမိစံ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့က ဆောင်ရွက်ခဲ့ကြသည်။