ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခဲ့ကြသော သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

  28/ Nov/ 2020

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ကဏ္ဍပေါင်းစုံမှ အားကြိုးမာန်တက် ကူညီဆောင်ရွက်ပေးနေတာ အားလုံးသိကြမှာပါ။
ဒီလိုတက်ကြွစွာပါဝင်ခဲ့တဲ့ သံဖြူဇရပ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့က ကျိုက်ခမီမြို့အသင်းခွဲငယ်ရုံးမှာပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦးတက်ရောက်ခဲ့ကြပါတယ်။