ကျန်းမာရေးညီညွတ်စွာ မဲပေးနိုင်ဖို့လည်း ကြက်ခြေနီတွေက ကူညီနေ

  06/ Nov/ 2020

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိမဲရုံများမှာ လာရောက်ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးနဲ့ညီညွတ်စွာ မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလို‌ေဆာင်ရွက်ရာမှာ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကျရာနေရာက ပါဝင်ကူညီကြတယ်လို့လည်း သိရပါတယ်။
လယ်ဝေးမြို့နယ် ၊ လယ်တာကြီးကျေးရွာမှာရှိတဲ့ မဲရုံ‌၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ မဲရုံတွေကိုသန့်ရှင်းရေးလုပ်တာနဲ့ ဆေးဖြန်းတာတွေကို မြို့နယ်တွေမှာရှိတဲ့
ကြက်ခြေနီစေတနာလုပ်အားရှင်တွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ ဦးရဲဝင်းထွန်း သတင်းပေးပို့မှုအရသိရပါတယ်။