ကျောင်းကုန်းနဲ့ အိမ်မဲကြက်ခြေနီများ COVID-19 ကာကွယ်ရေးဆောင်ရွက်လျက်ရှိ

  23/ Dec/ 2020

ဧရာဝတီတိုင်း‌ဒေသကြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို နေ့စဉ် ပါဝင်ကူညီဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် ယနေ့မှာ ကျောင်းကုန်းမြို့နယ် COVID -19 ရောဂါကာကွယ်ထိန်းချုပ်‌ေရး‌ကော်မတီနဲ့ ပူးပေါင်းကာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ မြို့မဈေးလမ်းဆုံ နှင့် မီးသတ်ရုံးရှေ့များမှာနှာခေါင်းစည်း(၁၀၀၀)ခုကို ပေးဝေခဲ့ကြပါတယ်။

ထို့အတူ အိမ်မဲမြို့နယ်မှာလည်း မြို့နယ်COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ အတူ မြို့နယ်ကြက်ခြေနီအသင်းခွဲက ကြက်ခြေနီစေတနာလုပ်အားရှင်များက အသွားအလာကန့်သတ်စောင်ကြည့်စခန်းများ၊ ယာယီဆေးရုံ၊ မြို့ဝင်ဂိတ်များမှာ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးခြင်းများမှာ ကူညီ ဆောင်ရွက်လျက်ရှိကြပါတယ်။