ကျွန်တော်တို့ ကြက်ခြေနီမောင်မယ်များဟာ ပြည်သူများရင်ဆိုင်ကြုံတွေ့နေရတဲ့ COVID-19 ရောဂါဆိုးကြီးကို ပြည်သူနဲ့အတူ တုန့်ပြန်ကျော်လွှားနိုင်ဖို့ တတ်စွမ်းသရွေ့ ပါဝင်ကူညီနေကြတာ နေရာဒေသတိုင်းမှာ ဖြစ်ပါတယ်။

  11/ Nov/ 2020

ဒီလိုဆောင်ရွက်ရာမှာ ရောဂါပိုးတွေ့ရှိသူများ၊ ရောဂါပိုးရှိကြောင်းသံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်စခန်းများသို့ ပို့ဆောင်ကူညီပေးခြင်း၊ ရောဂါကင်းစင်ပြီး ဆေးရုံမှဆင်းသူများအားကူညီပို့‌ေဆာင်‌ေပးခြင်းများ ပါဝင်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှာတော့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရောဂါပိုးတွေ့ရှိသူ ၂ ဦးနဲ့ ရောဂါပိုးရှိသူနှင့်ဆက်စပ်သူ ၁ ဦးတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲက လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။