ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ဘယ်သူတွေလဲ။

  08/ Nov/ 2020

🩸🩸 ရပ်ရွာလူထု ဘေးအနရာယ်နဲ့ကြုံတွေ့ရတဲ့အခါ ကြက်ခြေနီစေတနာ လုပ်အားရှင်တွေက ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းများမှာ နေ့မအား၊ ညမနား ပါဝင်ပြီး မည်သည့် အရေးပေါ်အခြေအနေတွင်မဆို ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများ ဖြစ်ပါသည်။ 🩸🩸

🔷🔹 ယခုကြုံတွေ့နေရတဲ့ ကပ်ရောဂါကာလအတွင်းမှာလည်း ရပ်ရွာလူထုကို အသိပညာပေးခြင်းလုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသလို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေနဲ့ ရောဂါကုသရေးစင်တာတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လုပ်အားပေးလုပ်ငန်းတွေကို အားဖြည့်ကူညီလျက်ရှိကြပါတယ် 🔹🔷

🔷🔹 ဒီနေ့မှာတော့ မကွေးတိုင်းဒေသကြီးက ကြက်ခြေနီစေတနာလုပ်အားရှင်၃၉ ဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိုဗစ် ၁၉ရောဂါကုသရေးစင်တာတွေမှာ အားဖြည့်ကူညီပေးကြဖို့အတွက် စတင်ထွက်ခွာလာခဲ့ကြပါပြီ။ 🔹🔷

🔔🔔 ယခုလို လူသားချင်းစာနာထောက်ထားစိတ်အပြည့်နဲ့ ကျရာနေရာကနေ တာဝန်ထမ်းဆောင်ဖို့ရောက်ရှိလာကြမယ့် မကွေးတိုင်းဒေသကြီးက ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်သူရဲကောင်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဌာနချုပ်)က လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလျက်ရှိနေပါတယ်။