ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများကို ပူးပေါင်း ဆောင်ရွက်

  15/ Mar/ 2020

လပွတ္တာ၊ မတ်လ ၁၅

၂၀၂၀ပြည့်နှစ် မတ်လ၁၅ရက်နေ့က လပွတ္တာမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အခြားလူမှူရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ ရေပေါ်ဈေးသင်္ဘောဆိပ်၊ မင်းခွေတံတားသင်္ဘောဆိပ်၊ ရေပေါ်ဈေး၊ အမှတ်(၁)ရပ်ကွက်ဈေး၊ ကုန်းလေးဈေး၊ ကားဂိတ်များ၊ တည်းခိုခန်းများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ပိုစတာနှင့် စတေကာများ ကပ်ခြင်း တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။