စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီးရောဂါပိုးကင်းစင်သူများအား ကြက်ခြေနီက နေရပ်အသီးသီးသို့ ကူညီ ပို့ဆောင်

  22/ Sep/ 2020

စစ်တွေ၊ စက်တင်ဘာ ၂၂

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၂ရက်နေ့က ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် စစ်တွေမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်ဦး ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်များက စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူကာ ရောဂါပိုးကင်းစင်၍ပြန်လည်ကျန်းမာလာသူ ၄၆ဦးအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။