စံပြငါးစျေးနှင့် သီရီမင်္ဂလာစျေး၌ COVID-19 ကာကွယ်ရေး Campaign ပြုလုပ်ရာတွင် ကြက်ခြေနီများ ပူးပေါင်းပါဝင်

  15/ Nov/ 2020

COVID-19 ရောဂါ ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် စံပြငါးစျေးနှင့် သီရီမင်္ဂလာစျေးတွင် မျက်နှာကာများ၊ ပါးစပ်နှင့် နှာခေါင်းစည်း များ၊ လက်သန့်ဆေးရည်များ ဝေငှပေး သော Campaign အစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စေတနာ့ဝန်ထမ်းအဖွဲ့များနှင့်အတူ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စျေး (၁၇၆) စျေးတို့တွင်လည်း COVID-19 ကာကွယ်ရေးအတွက် Campaign ပြုလုပ်ခြင်းနှင့် သတိပေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။