တာချီလိတ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး အသိပညာပေး

  30/ Nov/ 2020

၂၀၂၀ပြည့်နှစ်နို၀င်ဘာလ ၃၀ရက်နေ့က တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဥာဏ်မြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် COVID – 19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ကျန်းမာ‌ရေးစောင့်ရှောက်မှုများပေး‌ခြင်းတို့ကိုတာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်နို၀င်ဘာလ ၃၀ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။