တီးတိန်တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်စည်းများနှင့် မျက်နှာအကာများလှူဒါန်း

  25/ Sep/ 2020

တီးတိန်၊ စက်တင်ဘာ ၂၅

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တီးတိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဇာဏီဟိန်း ဦး‌ဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက Covid-19 ရောဂါ ကာကွယ်ရေးအတွက် ချင်းပြည်နယ်၊ တွန်းဇန်မြို့ရှိ သတ္တမနေ့ဘုရားကျောင်းသို့ နှာခေါင်းစည်း ၁၀၀ ခု၊ မျက်နှာအကာ ၄၀ ခုနှင့် PPE ဝတ်စုံ ၁ စုံ တို့ကိုလည်းကောင်း၊ တီးတိန်မြို့နယ်၊ အန်လန့်ကျေးရွာရှိ သတ္တမနေ့ဘုရားကျောင်းသို့ နှာခေါင်စည်း ၂၀၀ ခု၊ မျက်နှာအကာ ၉၀ ခု၊ PPE ဝတ်စုံ ၁စုံ တို့ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး ၎င်းမြို့နယ်များရှိ ရပ်မိရပ်ဖများအား Covid-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။