တောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  23/ Sep/ 2020

တောင်ကြီး၊ စက်တင်ဘာ ၂၃

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့၊ ကျောင်းထိုကျေးရွာတွင် COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်းများကို တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်စုမှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ က ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။