ထမင်းကြုပ်(ထမင်းဘူး)မှာစိတ်ပိုင်းဆိုင်ရာ အားပေးတဲ့ စတေကာကပ်ပြီး အားပေးခဲ့တဲ့ တနင်္သာရီကြက်ခြေနီ

  29/ Nov/ 2020

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သံဃာ့ဆေးရုံမှာ COVID-19 ကုသမှုခံယူနေတဲ့ လူနာများအတွက် နေ့လယ်စာ ထမင်းနဲ့ ဟင်း၊ ဆပ်ပြာဆီဘူး (၃၅)ဘူး တို့ကို တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး
ဒေါ်သင်းသင်းအေးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦး တို့က အထက (၃)မြိတ်မှ ဆရာ၊ ဆရာမများနဲ့ စုပေါင်းကာ နိုဝင်ဘာလ ၃၀ ရက်နေ့ကသွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
သူတို့ဟာ ထမင်းကြုပ်(ထမင်းဘူး)များမှာလည်း စိတ်ပိုင်းဆိုင်ရာ အားပေးတဲ့ စာသား စတေကာများကပ်ပြီးတော့ အားပေးနှစ်သိမ့်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း မြိတ်တက္ကသိုလ်ရှိ ပုလဲရွှေရည်၊ ပုလဲမာန်၊ ပုလဲရာဇာအဆောင်များ၊ ကလွင်အရှေ့ကျောင်းတို့ရှိ
အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတို့မှာ အသုံးပြုရန် ဆပ်ပြာဆီဘူး (၃၀၀)ဘူးတို့ကို
သွားရောက်လှူဒါန်းခဲ့ကြပါတယ်။