နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အကူအညီလိုသူများကို အကူအညီများပေး

  03/ Jan/ 2021

နေပြည်တော်၊ ဇန်န၀ါရီ ၂

၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှ ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ဆေးကုသရန် လာရောက်ကြသော လူနာနှင့် လူနာစောင့်(၃)ဦးတို့ကို နေပြည်တော်ကြက်ခြေနီတွေက (၂၀၂)မိုင်စစ်ဆေးရေးဂိတ်နှင့် စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ပြန်လည်သက်သာသဖြင့် ဒိုက်ဦးမြို့နယ်သို့ပြန်လည်ထွက်ခွာကြမည့် ဆေးရုံဆင်းလူနာနှင့်လူနာစောင့်(၄)ဦးတို့အား (၂၀၂) မိုင် စစ်ဆေးရေးဂိတ်သို့ ဒုတိယတပ်ခွဲမှူးဦးကျော်ကျော်ထွန်းနှင့် ဦးကောင်းမြတ်ဝင်း တို့က နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။