နေရပ်ပြန်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်ပေး

  22/ Dec/ 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က မြဝတီမြို့ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ကျား ၉ ဦးနှင့် မ ၄ ဦးတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကွန်ပျူတာတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ရောက်ရှိလာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် စာရင်းများမှတ်သားခြင်းတို့ကို ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြသည်။